Saturday, June 27, 2026

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...
HomeMoviesရုရှားမှာ အရံလောင်စာဆီ လုံလုံလောက်လောက်...

ရုရှားမှာ အရံလောင်စာဆီ လုံလုံလောက်လောက် ရှိဟု ဒုတိယဝန်ကြီးချုပ်ဆို

ပြည်တွင်းစျေးကွက်ကို ထောက်ပံ့ပေးဖို့အတွက် ရုရှားနိုင်ငံမှာ လောင်စာဆီပမာဏ လုံလုံလောက်လောက် အာမခံချက်ရှိရှိ စုဆောင်းထားပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်က ပြောကြားပါတယ်။

အရံဆီတွေ လုံလောက်မှု ရှိမရှိနဲ့ ထောက်ပံ့မှု တိုးလာဖို့ မျှော်လင့်နိုင်မလားဆိုတဲ့ မေးခွန်းကို သူက “ကျွန်တော်တို့ စျေးကွက်ထဲမှာ လောင်စာဆီ လုံလုံလောက်လောက် ရှိနေပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

ဝယ်လိုအားကို ပြည့်မီဖို့အတွက် တာဝန်ရှိသူတွေဟာ လောင်စာဆီစျေးကွက်အတွင်းက ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို လက်ရှိမှာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနေတယ်လို့ နိုဗက်ခ်က ပြောပြီး၊ စျေးကွက်ကို ပြန်လည်မျှခြေဖြစ်အောင် လုပ်ဖို့ အချိန်အနည်းငယ် ကြာဦးမယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

ဒီလုပ်ငန်းစဉ် ဘယ်တော့ပြီးမလဲ၊ ပြီးတော့ ထောက်ပံ့မှု တိုးလာဖို့ မျှော်လင့်နိုင်မလားလို့ မေးမြန်းတဲ့အခါမှာလည်း သူက “ဝယ်လိုအားကို ထည့်သွင်းစဉ်းစားပြီး စနစ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ချိတ်ဆက်မှုတွေကို လက်ရှိမှာ ပြန်လည်ပြင်ဆင်နေပါတယ်။ စျေးကွက်ကို ပြန်လည်မျှခြေဖြစ်အောင် လုပ်ဖို့ကတော့ အချိန်အနည်းငယ် ယူရပါလိမ့်မယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးတစ်ခုမှာ ရုရှားလောင်စာဆီစျေးကွက်ရဲ့ အခြေအနေဟာ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ နိုဗက်ခ်က ပြောပြခဲ့ပါတယ်။ စားသုံးသူတွေအတွက် တည်ငြိမ်တဲ့ လောင်စာဆီ ထောက်ပံ့မှုရရှိစေဖို့ အစိုးရအနေနဲ့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်နေပြီး၊ ဝယ်လိုအား မြင့်တက်လာမယ့် နွေရာသီကာလအတွက် အပိုဆောင်း လောင်စာဆီထောက်ပံ့မှုတွေ သေချာစေဖို့ ရည်ရွယ်တဲ့ အစီအမံတွေကိုလည်း ချမှတ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ ဓာတ်ဆီနဲ့ လေယာဉ်ဆီ တင်ပို့မှုကို လုံးဝပိတ်ပင်ထားပြီးဖြစ်သလို ဒီဇယ်တင်ပို့မှုကိုလည်း လုံးဝပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ ဒုတိယဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

နောက်ပြီး ပြည်တွင်းစျေးကွက်ကို လောင်စာဆီ ပိုမိုထောက်ပံ့ပေးနိုင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ အခွန်ဥပဒေပြင်ဆင်ချက်တွေကိုလည်း အစိုးရအဖွဲ့က ပြင်ဆင်ထားပါတယ်။ လက်ရှိမှာ ရေနံကုမ္ပဏီကြီးတွေဟာ ထုတ်လုပ်မှုနဲ့ ထောက်ပံ့မှု ပမာဏကို အမြင့်ဆုံးအထိ မြှင့်တင်ထားကြပြီး ပုံမှန်လုပ်ရမယ့် ရေနံချက်စက်ရုံ ပြုပြင်ထိန်းသိမ်းမှုတွေကိုလည်း ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတပြော

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မ တီကကြီးမှူးကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအ မှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများသည် စိန်ခေါ်မှုများစွာရှိနေရာ ယင်း စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နိုင်ငံ တော်နှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါ တီကအလှူငွေကျပ်(၅)သိန်းတို့အပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက် တွန်း

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071