လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၂၂ ရက်နေ့လည် ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ လျှပ်စစ်ဓာတ်အားများကို အချိန်တိုးမြှင့်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ၁၆ နာရီမှ ၁၈ နာရီဓာတ်အားဖြန့် ဖြူးနေရာမှ ၁၈ နာရီမှ နာရီ ၂၀ အထိ၊ မန္တလေးတိုင်းအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ၊ အခြား တိုင်းနှင့် ပြည်နယ်များ၌ ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေရာမှ အနည်းဆုံး ၁၄ နာရီအထိတိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကိုတွက်ချက်ပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အားထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသောသဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှုရှိသော ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကိုချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
