Saturday, June 27, 2026

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် ရှီ ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲများတွင် သမ္မတ ရှီကျင့်ဖျင်က ဟွန်ဆန်ကို ပြောကြားခဲ့ပြီး အရှေ့တောင်အာရှရှိ ၎င်း၏...

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၉၀၀ ကျော်လာ၊...

ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်ရှိလာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်ဖွယ်ရှိသူများကို အပူတပြင်းရှာဖွေလျက်ရှိကာ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်အပြီး နှစ်ရက်နီးပါးအကြာမှသာ...

ဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံမှ...

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊...

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို...

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group...
HomeMoviesရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်...

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဝင်ခွင့်လျှောက်ထားနိုင်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။

ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊ လူမှုစီးပွားတည်တံ့ရေးတီထွင်ဖန်တီးမှုပညာ (MSESI)၊ ဖွံ့ဖြိုးရေးပညာ (MDevS, EMDevS)၊ အသုံးချစာရင်းအင်းပညာ (MAS)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ (MPA, EMPA)၊ စျေးကွက်စီမံခန့်ခွဲမှုပညာ (MMM)၊ ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုပညာ (MHTM) နှင့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ (MBF) တို့ ပါဝင်သည်။

ထို့ပြင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် သုတေသနပညာ (PGDRS)၊ စီမံအုပ်ချုပ်မှုပညာ (PGDMA) နှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (PGDHRM) တို့ကိုလည်း ဖွင့်လှစ်မည်ဖြစ်သည်။ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုပညာဒီပလိုမာ (DSM) ကိုလည်း သင်ကြားမည်ဖြစ်သည်။

သင်တန်းတက်ရောက်ရန်အတွက် အရည်အချင်းသတ်မှတ်ချက်များကိုလည်း ထုတ်ပြန်ထားပြီး ဒီပလိုမာသင်တန်းများအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ကာ မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် ဘွဲ့ရရှိပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ထို့အပြင် သက်ဆိုင်ရာသင်တန်းအလိုက် လုပ်သက်နှင့် အသက်အရွယ် သတ်မှတ်ချက်များလည်း ရှိပြီး MAS, MMM, MHTM နှင့် MBF သင်တန်းများအတွက် သတ်မှတ်လုပ်သက်နှင့် အသက်အရွယ် ပြည့်မီရမည်ဖြစ်သည်။ EMBA, EMDevS နှင့် EMPA သင်တန်းများအတွက်လည်း အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိကအဆင့်စီမံခန့်ခွဲမှု အတွေ့အကြုံလိုအပ်ချက်များ သတ်မှတ်ထားသည်။

လျှောက်လွှာပုံစံများနှင့် သင်တန်းဆိုင်ရာစာရွက်စာတမ်းများကို ကမာရွတ်နှင့် လှိုင်နယ်မြေများတွင် သတ်မှတ်ရက်များအတိုင်း တင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် ရှီ ကတိပြု

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ထူထောင်ရန် အသင့်ရှိကြောင်း ပေကျင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲများတွင် သမ္မတ ရှီကျင့်ဖျင်က ဟွန်ဆန်ကို ပြောကြားခဲ့ပြီး အရှေ့တောင်အာရှရှိ ၎င်း၏ အနီးကပ်ဆုံးမိတ်ဖက်များထဲမှတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုသည့် ပေကျင်း၏ ရည်ရွယ်ချက်ကို ပြသခဲ့သည်။ ရှီသည် သောကြာနေ့က ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဌ ဟွန်ဆန်ကို ယင်းကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေသည် ရှုပ်ထွေးပြီး နက်ရှိုင်းသော အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း တရုတ်သမ္မတက ပြောကြားခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုတည်ငြိမ်စေရန်...

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၉၀၀ ကျော်လာ၊ ရာနှင့်ချီသော ပိတ်မိနေသူများကို အပူတပြင်းရှာဖွေနေ

ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၉၀၀ ကျော်ရှိလာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်ဖွယ်ရှိသူများကို အပူတပြင်းရှာဖွေလျက်ရှိကာ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်အပြီး နှစ်ရက်နီးပါးအကြာမှသာ အပျက်အစီးများဖြစ်နေသောနေရာများသို့ ရောက်ရှိလာခဲ့သည်။ လူ ၁၇၂ ဦး ပိတ်မိနေဆဲဖြစ်ကာ သေဆုံးဦးရေ ၉၂၀ ဦးနှင့် ဒဏ်ရာရရှိသူ ၃,၃၆၀ ဦးရှိကြောင်း အစိုးရက ပြောကြားခဲ့ပြီး ဝက်ဘ်ဆိုက်တစ်ခုကမူ ပျောက်ဆုံးနေသူ ၅၀,၀၀၀ ကျော်ရှိကြောင်း ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ကရာကတ်စ်နှင့် အနီးတစ်ဝိုက်ဒေသများကို ပြင်းအာ ၇ ဒဿမ ၂ နှင့်...

ဝေးလံဒေသများရှိကျောင်းသားကျောင်းသူများ၏ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာမည်

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်းဖြင့် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ပေးမည်ဖြစ်သည်။ ထုတ်လွှင့်မည့် စာစစ်ဌာနများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071