ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းပြီးဖြစ်ရာ ကျန်ရှိနေသော ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲခင်း ကျင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် လမ်းနှင့် တံတားဌာနဌာနမှူးဦးလင်းခိုင်၏ ပြောကြားချက်အရ သိရသည်။
၎င်းက သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအ တွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ လျှပ် စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်းရေးဆိုင်ရာ လုပ် ငန်းညှိနှိုင်းအစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေးတက်ရောက်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ် စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ရှုပ်ထွေးဆက်သွယ်ရေးကြိုးများဆက်လက်ရှင်းလင်းမည့် လေး ထောင့်ကန်လမ်း၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းများတွင် ဓာတ်အားလိုင်းများအန္တရာယ်ကင်းရှင်းရေးနှင့် ကေဘယ်လိုင်းများစနစ်တကျစည်းနှောင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အင်တာနက်ဝန် ဆောင်မှုပေးသည့် ကုမ္ပဏီများကိုညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
