ရထားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက် လုပ်ခြင်းတို့ပြုလုပ်ရာ၌ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။
ယနေ့ မေ ၁၄ ရက်တွင် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားစက်မှုနှင့်လျှပ်စစ်အင်ဂျင် နီယာဌာန၊ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက် ရုံ(နေပြည်တော်)၌ ရထားပို့ဆောင်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ထားရှိမှုကိုကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
အသွားအလာများပြားသည့် ရန်ကုန်-ပြည် လမ်းပိုင်းကို ဒွေးလမ်းအဖြစ်အဆင့်မြှင့်တင်ရန်၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်ရထားလမ်းတည်ဆောက်ရာ၌ ရေးနှင့် ထားဝယ်အပိုင်းတွင် လက်ရှိလမ်းထက်ကောင်းမွန်မည့် ပင်လယ်ကမ်းခြေတစ်လျှောက်မောင်းနှင်နိုင် သည့် ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်သောလမ်းတစ်ခုဖြစ်အောင်ဆောင်ရွက်ရန် မှာကြားသည်။
ပြည်-ပုဂံသွားရထားလမ်းပြန်လည်ပြင်ဆင်အဆင့်မြှင့် တင်ရာတွင် သာယာလှပပြီးရှုမောဖွယ်ဖြစ်သည့် ရှု မျှော်ခင်းများပါရှိရေးဆောင်ရွက်ရန်၊ ရထားစီးခရီး သည်များ သာယာသည့်သဘာဝပတ်ဝန်းကျင်ကို ကြည့် ရှုစီးနင်းလိုက်ပါကာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေမှ ဘုရားစေတီပုထိုးများကိုရောက်ရှိဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးပါက ရထားစီးခရီးသည်များနှင့် ခရီး သွားများကို ပိုမိုဆွဲဆောင်စေနိုင်မည်ဟု မှာကြားသည်။
” ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းတွေနဲ့ ပြည်တွင်း/ပြည်ပခရီးသွားတွေကိုဆွဲဆောင်နိုင်ဖို့အတွက် ပြန် လည်ပြင်ဆင်ပြီးပြေးဆွဲနိုင်ဖို့ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။
ဇီးပင်ကြီး-ပြင်ဦးလွင်-နောင်ချို-သီပေါ မီးရထားလမ်းကြောင်း၊ သာစည်-ကလော-တောင်ကြီး-နောင်ကား မီး ရထားလမ်းကြောင်းတို့အား အဆင့်မြှင့်တင်ပြီး ပုံမှန်အ တိုင်းပြေးဆွဲရန်၊ လမ်းကြောတစ်လျှောက်ရှိ လွန်းထိုးရှောင်လမ်းများရှာဖွေ၍ လွန်းထိုးများလျှော့ချခြင်း၊ အ ဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
