Thursday, April 30, 2026

ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး...

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌...

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀...

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း...

နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား လွတ်ငြိမ်းခွင့်ပေးပြီး...

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...

အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...
HomeInternationalယူကရိန်းစစ်အတွင်း အမေရိကန်ပစ္စည်းများရုရှသို့တင်ပို့သည့် ကြားခံကျွန်းနိုင်ငံ

ယူကရိန်းစစ်အတွင်း အမေရိကန်ပစ္စည်းများရုရှသို့တင်ပို့သည့် ကြားခံကျွန်းနိုင်ငံ

စိမ်းပြာရောင်ရေများ ဝန်းရံထားသည့်လှပသည့် မော်လ်ဒိုက်ကျွန်း သည်အပန်းဖြေခရီးထွက်သူများအတွက် ရေပန်းစားသောနေရာတစ်ခုအဖြစ်သာမက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲနိုင်သည့် သင်္ဘောများ ဖြတ်သန်းရာနေရာလည်းဖြစ်လာနေသည်။

ရုရှား-ယူကရိန်းစစ် တစ်နှစ်တာအတွင်း စုစုပေါင်း ဒေါ်လာ ၅၃.၆ သန်းတန်ဖိုးရှိအမေရိကန်လုပ် တစ်ပိုင်းလျှပ်ကူးပစ္စည်း ၄၀၀,၀၀၀ ခန့်မှာ မော်လ်ဒိုက်ကိုဖြတ်ပြီး ရုရှားဆီ တင်ပို့ခဲ့သည်။

အိန္ဒိယသုတေသနကုမ္ပဏီ Export Genius မှရရှိသော ရုရှားအကောက်ခွန်ရှင်းလင်းရေးအချက်အလက်များကို Nikkei မှခွဲခြမ်းစိတ်ဖြာ၍ရေးသားခဲ့ခြင်းဖြစ်သည်။

စစ်အတွင်း ယင်းကဲ့သို့ တင်သွင်းမှုနှင့်ပတ်သက်၍ ဟောင်ကောင်အပါအဝင် မော်လ်ဒိုက်သည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက်ကုန်သွယ်မူအများဆုံးဖြစ်နေသည်။

စစ်မဖြစ်မီ တစ်နှစ်အတွင်း မှတ်တမ်းများတွင် မော်လ်ဒိုက်မှ ရုရှားသို့ ချစ်ပ်ပြားများ တင်ပို့မှုမရှိခဲ့ပေ။

ကုလသမဂ္ဂ အချက်အလက်များအရ မော်လ်ဒိုက်၏ စုစုပေါင်းပို့ကုန်သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၈၀ ခန့်အထိ ရှိလာခဲ့သည်။

မော်လ်ဒိုက်မှ ရုရှားသို့ US semiconductor တင်ပို့မှုတန်ဖိုးသည် ဤပမာဏ၏ ၂၀% နှင့် ညီမျှသည်။

စစ်ကြောင့်ခေတ္တရပ်နားထားသည့်ရုရှားလေကြောင်းလိုင်းကြီး Aeroflot သည် မော်လ်ဒိုက် မြို့တော်နှင့် မော်စကိုမြို့တို့အကြား ပျံသန်းမှု ပြန်လည်စတင်ခဲ့သည့် ၂၀၂၂ ခုနှစ် မေလတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုများ သိသိသာသာ တိုးလာခဲ့သည်။

Omdia ၏အကြီးတန်းအတိုင်ပင်ခံဒါရိုက်တာ Akira Minamikawa ၏အဆိုအရ မော်လ်ဒိုက်၌ဆီမီးကွန်ဒတ်တာစျေးကွက်မရှိဘဲရုတ်တရက်တိုးလာခြင်းဖြစ်သည်။

အကောက်ခွန်အချက်အလက်များအရ မော်လ်ဒိုက်မှ ရုရှားနိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့သူ ၁၄ ဦးရှိသည်။ ထိုကုမ္ပဏီများသည် မော်လ်ဒိုက်တွင် အခြေစိုက်ပုံမပေါ်ပါ။

ထိုကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် လန်ဒန်အခြေစိုက် Mykines ကော်ပိုရေးရှင်းသည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ သန်း ၄၀ တန်ချစ်ပ်များ သို့မဟုတ် စုစုပေါင်းတင်ပို့မှု၏ ၈၀% ကို တင်ပို့ခဲ့သည်။ Mykines သည် ရုရှားနိုင်ငံသို့ ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိ အီလက်ထရွန်းနစ်ပစ္စည်းများကို တင်ပို့ခဲ့ကြောင်း Financial Times မှ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဖော်ပြခဲ့သည်။

Source: Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး ၏ ဇနီးအပေါ် လိုအပ်သည်များ သံရုံး ကူညီ

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာသံရုံးဆိုးလ်မြို့က ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့ လာရောက်ပြီး ဈာပနကျင်းပနိုင်ရေးအတွက် ဗီဇာရရှိရေး အချိန်မီကူညီဆောင်ရွက်ပေးကာ ရသင့်ရထိုက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အလုပ်သမားသံအရာရှိ၊ အလုပ်သမားဝန်ကြီးဌာနနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးထားသော...

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုး

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန် ကြားချက်အမှတ် ၁/ ၂ဝ၂၆ ဖြင့် ဧပြီ ၂၉ ရက်က ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်အဖြစ် ထုတ်ပြန်ခဲ့သည်။ တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အ တည်ပြုချက်ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ကော်မတီကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက...

နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ချမှတ်

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၂/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ယင်းလွတ်ငြိမ်းခွင့်ကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသည့်အနေဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071