ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် Tri-Nation Friendly ပွဲစဉ် နောက်ဆုံးပွဲဖြစ်သည့် ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းပွဲစဉ်တွင် ကစားသမားများဖြစ်သည့် ကျော်မင်းဦး၊သီဟထက်အောင်နှင့် ရဲရင့်အောင်တို့ ပါဝင်နိုင်မည်မဟုတ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းက အသိပေးထားသည်။
ကျော်မင်းဉီးနှင့် သီဟထက်အောင်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ရဲရင့်အောင်မှာ ဂူအမ််နှင့်ပွဲစဉ်တွင် အနီကတ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသဖြင့် ယနေ့ပွဲစဉ်အား လွဲချော်မည်ဖြစ်သည်ဟု မြန်မာ့လက် ရွေးစင်အသင်းက အသိပေးထားသည်။
ကျော်မင်းဦး နှင့် သီဟထက်အောင် တို့ ၏ဒဏ်ရာများအား MRI ဆေးစစ်ချက်နှင့် ဆေးဘက်ဆိုင်ရာ သုံးသပ် တွေ့ရှိချက်အရ ကျော်မင်းဦး (ခြေကျင်းဝတ်ဒဏ် ရာ)နှင့် သီဟထက်အောင် (ကြံ့ခိုင်မှုမပြည့်ဝ)တို့သည် ပွဲကစားနိုင်သည့် အခြေ အနေတွင် ရှိမနေဘဲ အပြည့်အဝ ပြန် လည်ကောင်းမွန်လာရန်အတွက် အချိန်ယူကုသခြင်းများ ပြုလုပ်ရမည်ဟု ဆို သည်။
ရဲရင့်အောင် အနေဖြင့် ဖီဖာခြေစမ်းပွဲကာ လအတွင်းရရှိသည့် အနီကတ်ကြောင့် ယနေ့ပွဲစဉ်အား လွဲချော်မည်ဖြစ်သော်လည်း လာမည့် နိုင်ငံတကာ ခြေစမ်းပွဲများနှင့် အာဆီယံချန်ပီယံရှစ် ပွဲစဉ်များအတွက် အသင်းနှင့်အတူ ဆက်လက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ဖိလစ်ပိုင်နှင့်မြန်မာ ပွဲစဉ်ကို ယနေ့ဇွန် (၉) ရက်၊ မြန်မာစံတော်ချိန် ညနေ (၆)နာရီ၌ မနီလာမြို့၊ ဟိုဆေးရီဇာအမှတ်တရကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်တွင်းရုပ်သံလိုင်း Readers Channel မှတိုက် ရိုက်ပြသမည်ဖြစ်သည်။
တစ်ရက်တည်း ကစားမည့် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်တို့ AYA Bank Tri Nation Cup 2026 ပွဲစဉ်ကိုမှူ MRTV ဆက်စပ်ရုပ်သံလိုင်းများ ဖြစ်သည့် MRTV Sports နှင့် MRTV Entertainment တို့မှ ပြသမည်ဖြစ်ကြောင်း အသိပေးထားသည်။
