ယနေ့ မေ ၂၂ ရက်အတွက် ဒုတိယမြောက်ငလျင်သည် ဒေးဒရဲမြို့ကိုဗဟိုပြု၍ ညနေ ၄ နာရီ ၅၆ မိနစ် ၁၁ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဒေးဒရဲမြို့၏ မြောက်-အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အားမဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
နေ့လည် ၁ နာရီ ၇ မိနစ် ၃၆ စက္ကန့်ကလည်း မန္တလေး တိုင်း၊ မတ္တရာမြို့၏ အနက်(၁၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားမဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်။
