Home Movies ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်

0
84

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ ည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

ရော်ဘာတင်ပို့မှုအရ တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး ကျန် (၁၅) ရာခိုင်နှုန်းခန့်ကို မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နေပြီး ပြည်တွင်း၌လည်း (၁၀) ရာခိုင်နှုန်းခန့်ကို အသုံး ပြုလျက်ရှိသည်။

ထို့ပြင် အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးလုပ်ငန်းရှင်များအား နိုင်ငံတော်မှ ချေးငွေများ ထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက (၁၆) သိန်းကျော်ရှိပြီး မွန် ပြည်နယ်တွင် အများဆုံး စိုက်ပျိုးထားကာ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း အများအပြား စိုက်ပျိုးလျက်ရှိသည်။

ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအပြင် ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများ ရှိနေကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here