အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၏ အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များတွင် တနင်္ဂနွေနေ့က အဆောက်အအုံများ ပြိုကျခဲ့မှုကြောင့် ကလေး ငါးဦး အပါအဝင် လူ ခြောက်ဦး ေ-သဆုံးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရီးသွားလာမှုများ အနှောင်အယှက်ဖြစ်ရကာ စာသင်ကျောင်းများ ပိတ်ထားရသောမြို့တွင် နောက်ထပ် လူေ-သဆုံးမှုများဖြစ်သည်။
မွမ်ဘိုင်းမြို့ မန်ခွတ်ဒေသရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နှစ်ထပ်အိမ် သုံးလုံးပြိုကျခဲ့ပြီး ကလေးငယ် ငါးဦးနှင့် အမျိုးသမီးတစ်ဦး ေ-သဆုံးခဲ့ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုကြောင့် မွမ်ဘိုင်းနှင့် ပူနေးမြို့ကို ဆက်သွယ်ထားသည့် အမြန်လမ်းမကြီးပေါ်တွင် မြေပြိုရာ လမ်းပိတ်သွားပြီး မြို့နှစ်မြို့ကြား ယာဉ်အသွားအလာ ပိတ်ဆို့မှုများဖြစ်ခဲ့သည်။
မော်တော်ကားလမ်း သယ်ယူပို့ဆောင်ရေးအပြင် လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားပြီး မွမ်ဘိုင်းနှင့် ပူနေးမြို့အကြား ပြေးဆွဲနေသော အဝေးပြေးရထားဝန်ဆောင်မှုများကိုလည်း ဖျက်သိမ်းခဲ့ရသည်။
တနင်္လာနေ့တွင် ကျောင်းများနှင့် ကောလိပ်များကို ပိတ်ထားခဲ့ပြီး ရေမြုပ်နေသော လမ်းများတွင် ဒေသခံများ ခက်ခက်ခဲခဲ သွားလာနေရပုံကို ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ မိုးသည်းထန်မှုကြောင့် မွမ်ဘိုင်းမြို့လမ်းများပေါ်တွင် သစ်ပင်များလဲကျခဲ့ပြီး ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ေ-သဆုံးသူ အနည်းဆုံးသုံးဦးရှိထားကြောင်း ဒေသခံမီဒီယာများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့တွင် မိုးရေးချိန် ၃ ဒဿမ ၉ လက်မကျော် ရွာသွန်းခဲ့ပြီး အချို့ဒေသများတွင် ၆ ဒဿမ ၃ လက်မအထိ ရွာသွန်းခဲ့ကြောင်း သိရသည်။
Ref: ရိုက်တာ
