Tuesday, June 16, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင်...

ထူးကဲဒီရေတက်ချိန် မိုးထစ်ချုန်းရွာနိုင်၍ ရန်ကုန်မြစ်အတွင်း ရေယာဉ်များ...

ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်မည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့၌ မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရန်ကုန်မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များအနေဖြင့် အထူးသတိပြု သွားလာကြရန်...

မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် “5B PWDs”...

မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့် တန်းတူရရှိရေးနှင့် ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က “Building Bridges by Breaking...

မိန့်ခွန်းစာအုပ်များမှမြင်ရ​သော သမ္မတ ရှီပုံစံ

သမ္မတ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းပေါင်းချုပ်စာအုပ်တွဲ​တွေဖြစ်တဲ့ "The Governance of China" (တရုတ်နိုင်ငံကို စီမံခန့်ခွဲခြင်း)ဟာ နိုင်ငံတကာ သံတမန်ရေးရာ၊ နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ...
HomeMoviesမြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ပြိုင်ပွဲအတွက်...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ပြိုင်ပွဲအတွက် မိတ်ဖက်ကုမ္ပဏီများနှင့် လက် မှတ်ရေးထိုး

ပြိုင်ဆိုင်မှုမြှင့်တင်ရန်အတွက် ရာသီကုန်ရပ်တည်မှုအလိုက် ထောက်ပံ့သည့် စနစ်သစ်ကို ကျင့်သုံးမည်

​မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ဘော လုံးရာသီ အကြို မိတ်ဖက်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနား (Official Partnership Signing Ceremony)ကို ယနေ့ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟို တယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​ယခုရာသီတွင် မိတ်ဖက်ကုမ္ပဏီများနှင့် လက်တွဲမှုမှတစ်ဆင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၁,၅၀၀ နှင့် သိန်း ၂,၃၅၀ တန်ဖိုးရှိ ပစ္စည်းထောက်ပံ့မှုများကို လက်ခံရရှိထားသည်။

အဓိကပင်မပံ့ပိုးသူအဖြစ် Max Energy ကုမ္ပဏီက ငွေကျပ်သိန်း ၈,၀၀၀ ပံ့ပိုးပေးထားပြီး Shwe Li Yadanar Estate၊ BYD၊ AYA Pay အပါအဝင် အခြားမိတ်ဖက်ကုမ္ပဏီများကလည်း ကဏ္ဍအလိုက် အ သီးသီး ပါဝင်ပံ့ပိုးထားကြသည်။

​ရရှိလာသည့် အလှူငွေများကို ပြိုင်ပွဲဝင်ကလပ်အသင်းများသို့ ပြန်လည်မျှဝေပေးသွားမည်ဖြစ်ကာ ကလပ်အသင်းတစ်သင်းလျှင် အခြေခံထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ စီ ရရှိမည်ဖြစ်ပြီး အိမ်ကွင်းပွဲစဉ်ကျင်းပစရိတ်များကို သီးခြားထောက်ပံ့မည်ဖြစ်သည်။

စံနှုန်းပြည့်မီသည့် အသင်းများအနေဖြင့် Club Development Subsidy အဖြစ် အများဆုံး ကျပ်သိန်း ၂၀၀ အထိ ထပ်မံရရှိနိုင်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။

ယခုနှစ်တွင် ပြိုင်ဆိုင်မှုမြှင့်တင်ရန်အတွက် ရာသီကုန်ရပ်တည်မှုအလိုက် ထောက်ပံ့သည့် စနစ်သစ်ကို ကျင့်သုံးမည်ဖြစ်ရာ ချန်ပီယံအသင်းသည် ကျပ်သိန်း ၁,၀၀၀၊ ဒုတိယအသင်းသည် ကျပ်သိန်း ၇၀၀ ရရှိမည်ဖြစ်ပြီး အဆင့် (၁၀) အထိ အဆင့်အလိုက် ငွေကြေးထောက်ပံ့မှုများ ရရှိမည်ဖြစ်သည်။

ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံးက စားသမားဆုအတွက် ဆုတံဆိပ်နှင့်အတူ AYA Pay မှ ငွေသားဆု ကျပ် ၅ သိန်း ချီးမြှင့်မည်ဖြစ်သည်။

​မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့အထိ ၈ လကြာ ကျင်းပသွားမည်ဖြစ် သည်။

ယခုနှစ်တွင် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ အသင်းသစ်နှစ်သင်း အပါအဝင် စုစုပေါင်း ကလပ်အသင်း (၁၀) သင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ Y.U.S.C ကွင်းနှင့် ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့တွင် လိဂ်ပွဲစဉ်ပေါင်း (၉၀) ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

​အဆိုပါ လိဂ်ပွဲစဉ်များအားလုံးကို Fore ver Group နှင့် ပူးပေါင်းကာ MRTV-4၊ Channel 7၊ Readers Channel ရုပ်သံလိုင်းများနှင့် Pyone Play Sports YouTube တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

​အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဒေါက်တာစိုင်းဆမ်ထွန်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ မိတ်ဖက်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ကလပ်အသင်းများမှ နည်းပြများနှင့် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင် ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ ဂုဏ်ပြုနေ့လယ်စာစားပွဲကို ပေကျင်းမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများအပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် သဘောတူညီချက်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲများကိုလည်း တက်ရောက်ကြည့်ရှုခဲ့ကြသည်။ ဂုဏ်ပြုနေ့လယ်စာစားပွဲသည် မြန်မာ-တရုတ်...

ထူးကဲဒီရေတက်ချိန် မိုးထစ်ချုန်းရွာနိုင်၍ ရန်ကုန်မြစ်အတွင်း ရေယာဉ်များ သတိပြုသွားလာရန် မိုးဇလသတိပေး

ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်မည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့၌ မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရန်ကုန်မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များအနေဖြင့် အထူးသတိပြု သွားလာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။ မိုးဇလ၏ ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများတွင် ဇွန် ၁၆ ရက် ညနေပိုင်းအထိ မိုးတစ်ကြိမ်မှ နှစ်ကြိမ်အထိ ထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက...

မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် “5B PWDs” ပညာသင်ဆုအစီအစဉ် ရွှေမင်းသားဖောင်ဒေးရှင်း ဖွင့်လှစ်

မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့် တန်းတူရရှိရေးနှင့် ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က “Building Bridges by Breaking Barriers - 5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပညာသင်ဆုအစီအစဉ်ကို မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပညာသင်ကြားရန် ငွေကြေးအထောက်အပံ့ လိုအပ်နေသည့် Grade 8 မှ Grade...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071