Thursday, September 3, 2026

စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် Engineering...

ရန်ကုန်၊စက်တင်ဘာ ၃ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် Engineering & Technology နှင့် Hospitality & Tourism...

ရေကြည်မြို့နယ်၌ ရေများပြန်လည်ကျဆင်းလာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊...

ထိုင်းနိုင်ငံတွင် အမှိုက်သိမ်းကားပေါ်မှပြုတ်ကျသေဆုံးခဲ့သော မြန်မာနိုင်ငံသားအတွက် နစ်နာကြေးရရှိနိုင်ရန်...

ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခု၌ အမှိုက်သိမ်းအလုပ်သမားအဖြစ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးသန်းမင်းထွန်း(ခ)သဲမင်းထွန်းသည် သြဂုတ် ၂၉  ရက်က အမှိုက်သိမ်းယာဥ်အမိုးပေါ်မှ ကွန်ကရစ်လမ်းပေါ်သို့အရှိန်ဖြင့်ပြုတ်ကျခဲ့ကြောင်း သိရသည်။ ထိုသို့...

နိုဝင်ဘာလတွင်ပူတင်၊ ရှီ၊ ထရမ့်ပ်သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်ဖွယ်ရှိ- ခရမ္မလင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် သုံးပွင့်ဆိုင်...
HomeMoviesမြန်မာအစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသမှ...

မြန်မာအစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသမှ သဘာဝဘေးဒ-ဏ်သင့်သူများအတွက် အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်လှူဒါန်း

သဘာဝဘေးဒ-ဏ်ခံစားနေရသည့် နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသတွင်နေထိုင်သူများအတွက် မြန်မာနိုင်ငံတော်အစိုးရက အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရ(ကိုယ်စား )လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport (KTM)သို့သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
 
လူကယ်ပြန် ဒုတိယဝန်ကြီးက ယခုလှူဒါန်းမှုသည် နီပေါပြည်သူများအပေါ် မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်မည်ဟုမျှော်လင့်ကာ သဘာဝဘေးသင့်သူများ အမြန်ဆုံးပုံမှန်ဘဝပြန်လည်ရောက်ရှိစေရေး ဆုမွန်ကောင်းတောင်းသည်ဟု ပြောကြားခဲ့သည်။
 
ထို့အတူ နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနဝန်ကြီးကလည်း မြန်မာနိုင်ငံတော်အစိုးရနှင့်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးပေးမှုအတွက် အထူးကျေးဇူးတင်ပြီး ယင်း ကူညီထောက်ပံ့မှုများကို သဘာဝဘေးသင့်သူများအတွက် ထိရောက်စွာအသုံးပြုသွားမည်ဟု ပြောသည်။

ထို့နောက် နီပေါနိုင်ငံမှ သဘာဝဘေးသင့်သူများ၏ အရေးပေါ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးနှင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် မတ်ပဲ(၅)တန်၊ ကုလားပဲ(၃)တန်တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် Engineering & Technology နှင့် Hospitality & Tourism သင်တန်းသား ၃၂၀ ခေါ်ယူမည်

ရန်ကုန်၊စက်တင်ဘာ ၃ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် Engineering & Technology နှင့် Hospitality & Tourism သင်တန်းများအတွက် သင်တန်းသားသစ် စုစုပေါင်း ၃၂၀ ဦး ခေါ်ယူနေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ သင်တန်းများကို လက်တွေ့ကျွမ်းကျင်မှုရှိသည့် လူငယ်များ မွေးထုတ်ပေးရန် ရည်ရွယ်၍ ခေတ်မီ Lab ပစ္စည်းများအသုံးပြုကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ဖွင့်လှစ်မည့် သင်တန်းများမှာ Engineering & Technology ဘာသာရပ်အောက်တွင် Electrical...

ရေကြည်မြို့နယ်၌ ရေများပြန်လည်ကျဆင်းလာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ရေများပြန်လည်ကျဆင်းလာသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် ဒေသခံများပူးပေါင်း၍ အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများအတွင်း၌ တင်ကျန်နေသော အမှိုက်သရိုက်များ၊ ရွှံ့နွံများကိုဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းနေမှုကို ဧရာဝတီတိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက စက်တင်ဘာ ၂ ရက်တွင်ကြည့်ရှုအားပေးပြီး ရေဘေးသင့်သူများအား တိုင်းအစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်(၂၄)ပြည်အိတ်(၁,၄၈၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အမှိုက်သိမ်းကားပေါ်မှပြုတ်ကျသေဆုံးခဲ့သော မြန်မာနိုင်ငံသားအတွက် နစ်နာကြေးရရှိနိုင်ရန် မြန်မာအလုပ်သမားသံအရာရှိရုံးကူညီ

ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခု၌ အမှိုက်သိမ်းအလုပ်သမားအဖြစ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးသန်းမင်းထွန်း(ခ)သဲမင်းထွန်းသည် သြဂုတ် ၂၉  ရက်က အမှိုက်သိမ်းယာဥ်အမိုးပေါ်မှ ကွန်ကရစ်လမ်းပေါ်သို့အရှိန်ဖြင့်ပြုတ်ကျခဲ့ကြောင်း သိရသည်။ ထိုသို့ ပြုကျခဲ့မှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဟွာအင်းဆေးရုံသို့ပို့ဆောင်စဥ် ဆေးရုံအရောက်၌သေဆုံးသွားခဲ့သဖြင့် လိုအပ်သည်များကိုကူ ညီပေးရန် ၎င်း၏မိသားစုဝင်များက အလုပ်သမားသံအရာရှိရုံး(ဗန်ကောက်)သို့ ဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အလုပ်သမားသံအရာရှိက ဖြစ်စဥ်နှင့်ပတ် သက်၍ မေးမြန်းမှုများပြုလုပ်ပြီး ဟွာအင်းဆေးရုံကြီး၌ထားရှိသည့် သေဆုံးသူ၏ရုပ်အလောင်းအား ထုတ်ယူပေးပြီး ဝနောင်ဖရန်ဖွတ်ဘုန်းကြီးကျောင်းသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့ရခြင်းဖြစ်၍ ရသင့်ရထိုက်သော နစ်နာကြေးရရှိနိုင်ရေးအတွက် ဆက်လက်ကူညီပေးလျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071