Sunday, April 12, 2026

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင်...

ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး

 ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ)...

၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲတန်ချ်န် ၂ဒသမ၇သန်းကျော်တင်ပို့ပြီး ဒေါ်လာ  ၈၆၁ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ထိုကဲ့သို့...
HomeMoviesမြန်မာနိုင်ငံတော်‌သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ...

မြန်မာနိုင်ငံတော်‌သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ဂါရဝပြုတွေ့ဆုံ

နယ်စပ် ဒေသ ကုန်သွယ်ရေးအပါအဝင် နှစ်နိုင်ငံကြား အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး

မြန်မာနိုင်ငံတော်‌သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukar မှ ယနေ့ ဧပြီ ၁၀ ရက်မွန်းလွဲပိုင်းက လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ထိုင်းနိုင်ငံကိုယ်စား မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်ခွင့်ရရှိခဲ့၍ ဝမ်းမြောက်ဂုဏ်ယူမှု၊ နှစ်နိုင်ငံကြား အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးကဏ္ဍ၊ ရင်နှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများပပျောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး H.E. Dr. Parnpree Bahiddha – Nukar ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ဆွေးနွေးပွဲတွင် အားနည်းချက်များကို ဗန့်စ်က ကိုးကားပြောဆိုခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ တည်ဆောက်ရေးကိစ္စအပါအဝင် အမေရိကန်၏ စည်းကမ်းသတ်မှတ်ချက်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။          “သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရသေးဘူးဆိုတာပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် ပိုပြီး သတင်းဆိုးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သည်။     “ဒါကြောင့် သဘောတူညီချက်မရဘဲ ကျွန်တော်တို့...

ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး

 ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ) အစည်းအဝေးကို ထိုင်းနိုင်ငံက တက်ရောက်ရန် အသင့်မဖြစ်သေးကြောင်း နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောက်ကတ်ကောက စနေနေ့တွင် ပြောကြားခဲ့သည်။     ထိုင်းနိုင်ငံကို အစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယား၏ တရားဝင်ဖိတ်ကြားချက်ကို တုန့်ပြန်သည့်အနေဖြင့် ၎င်း၏ မှတ်ချက်များထွက်လာခြင်းဖြစ်ပြီး အချိန်အတန်ကြာ နှောင့်နှေးနေခဲ့သော နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကြိုးပမ်းမှုများကို ရှေ့ဆက်တိုးနိုင်လိမ့်မည်ဟု ဖနွမ်းပင်က မျှော်လင့်ထားသည်။      အစည်းအဝေးတွင် ဘန်ကောက်ပါဝင်ရန်ကို အတည်မပြုနိုင်မီ ထိုင်းနိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071