ဧရာဝတီမြစ်ဆုံ – မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲဝင်များက ပူတာအိုမြို ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံ ရဝမ်နှင့် လီ ဆူတိုင်းရင်းသားမျိုးနွယ်စုများအား ယမန်နေ့ က တွေ့ဆုံရှ င်းလင်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြ ည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များအပေါ် သုံးသပ်ရှင်းလင်းသည်။
အဆိုပါ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲများကို ပူတာအိုမြို့တွင် တိုင်းခမ်းတီနှင့် ဂျိန်ဖော့မျိုးနွယ်စုများ၊ မချမ်းဘောမြို့တို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
