Friday, July 10, 2026

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့...

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် အဓိကပြဿနာတစ်ခုဖြစ်သော ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုများကို ရှင်းလင်းပြီး မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၉...

ရန်ကုန်တွင် ရက် ၁၀၀ စီမံချက်ကာလအတွင်း...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ ကျူးလွန်သူ တရားခံ...

ချင်းဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်တို့ တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု...

17th Annual Fighters Only World MMA Awards ဆုပေးပွဲတွင် ချင်းလူမျိုး MMA ဖိုက်တာ ဂျိုရှုအာဗန် (Joshua...

ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရန် ပြည်တွင်း၊...

ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုဆိုင်ရာ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -...
HomeMoviesမုံရွာ(ညောင်ပင်ကြီး) - ပုလဲ...

မုံရွာ(ညောင်ပင်ကြီး) – ပုလဲ – ဂန့်ဂေါ – ဟားခါးလမ်းပိုင်း လမ်းတိုးချဲ့ခြင်းလုပ်ငန်းများကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့်အဖွဲ့သည် မုံရွာ(ညောင်ပင်ကြီး) – ပုလဲ – ဂန့်ဂေါ – ဟားခါးလမ်း (၃၁၃.၄၆၀ ကီလိုမီတာ မှ ၃၁၃.၅၈၀ ကီလိုမီတာ)ကြား အလျား ၁၂၀ မီတာ၊ ပျမ်းမျှအကျယ် ၆.၂ မီတာရရန် လမ်းတာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်၌ အဆိုပါလမ်းပိုင်း တာဝန်ခံအင်ဂျင်နီယာမှ လက်ရှိလမ်းတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယင်းအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ဆောင်ရွက်မည့် လျာထားချက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ လမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး(မြို့ပြ)ရုံး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့ ပြောင်းလဲရန် စီစဉ်

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် အဓိကပြဿနာတစ်ခုဖြစ်သော ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုများကို ရှင်းလင်းပြီး မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၉ ရက် (ယနေ့)မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် ဦးဆောင်၍ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အစည်းအဝေးတွင် မြေအောက်ကေဘယ်စနစ် (Underground Cable System)...

ရန်ကုန်တွင် ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ တရားခံ ၉၉ ဦး ဖော်ထုတ်အရေးယူ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ ကျူးလွန်သူ တရားခံ ၉၉ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက် သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းနှင့် လုံခြုံရေးဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ...

ချင်းဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်တို့ တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု ဆွတ်ခူး

17th Annual Fighters Only World MMA Awards ဆုပေးပွဲတွင် ချင်းလူမျိုး MMA ဖိုက်တာ ဂျိုရှုအာဗန် (Joshua Van) နှင့် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ် (Brandon Royval) တို့က ၂၀၂၅ ခုနှစ်အတွက် Fight of the Year (တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်တို့၏ တွဲဆိုင်းသည် Belal Muhammad ပါဝင်သည့်ပွဲ၊ Esteban Ribovics နှင့် Daniel...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071