Sunday, June 28, 2026

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...
HomeInternationalမိုးသည်းထန်မှုကြောင့် မယ်ဆိုင်မှာ ရေကြီး

မိုးသည်းထန်မှုကြောင့် မယ်ဆိုင်မှာ ရေကြီး

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဆိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အင်္ဂါနေ့တွင် မြစ်ချောင်းများရေလျှံကာ မြစ်ကမ်းဘေး လူနေရပ်ကွက်များနှင့် လမ်းများပေါ်သို့ ရေတက်လာခဲ့သည်။

ဒေသခံများသည် ၂၀၂၄ ခုနှစ်ကကဲ့သို့ ရေကြီးရေလျှံမှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ယမန်နေ့နံနက်အစောပိုင်းမှစကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် ပိုင်ဆိုင်ပစ္စည်းများကို အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေကြသည်။

မယ်ဆိုင်တွင် ယမန်နေ့နံနက်ပိုင်းမှစကာ အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့် ရေကြီးရေလျှံမှုအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း သဘာဝဘေးကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနက ယမန်နေ့မွန်းလွဲ ၁ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

“Hug Mae Sai” ၏ ဖေ့စ်ဘုတ်ပေ့ချ်တွင် ဖော်ပြချက်အရ မိုင်လုံခွန်ကျေးရွာတွင် လမ်းများစွာ ရေမြုပ်လျက်ရှိသည်ဟု ဆိုသည်။ ရေပမာဏ အရမ်းမများသေးသော်လည်း ရပ်ရွာများ၏ လမ်းများနှင့် လမ်းကြားများရှိ အစိတ်အပိုင်များ ရေနစ်မြုပ်နေပြီဖြစ်ကာ မိုးအဆက်မပြတ် ဆက်လက်ရွာသွန်းနေမှုကြောင့် အချို့နေရာများတွင် နေရာအနှံ့ ရေလွှမ်းမိုးမှုများဖြစ်နေခဲ့သည်။

မယ်ဆိုင်ခရိုင်နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ဆက်သွယ်ထားသည့် အမှတ် ၁ ချစ်ကြည်ရေးတံတားဝန်းကျင် အခြေအနေသည် ပိုမိုဆိုးရွားလျက်ရှိသည်။ အထူးသဖြင့် မယ်ဆိုင်ရှိ မြစ်ကမ်းဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများရောက်ရှိလာခဲ့သဖြင့် နယ်စပ်နှစ်ဖက်လုံးတွင် ရေကြီးရေလျှံနေသည်။

ကိုဆိုင်ခရိုင်ခွဲတွင် မြစ်ကြောင်းများ ရေလျှံမှုကြောင့် အနီးရှိ လူနေရပ်ကွက်များသို့ ရေဝင်၍ ဘေးလွတ်ရာ သို့ရွှေ့ပြောင်းရသည့် ဒေသခံပြည်သူများပိုများလာကာ ပစ္စည်းများကို အမြင့်ပိုင်းနေရာများသို့ ရွှေ့ပြောင်းလျက်ရှိကြသည်။ ဒေသခံများစွာသည် ၂၀၂၄ ခုနှစ် ရေဘေးအန္တရာယ်မျိုး ပြန်ကြုံရမည်ကို စိုးရိမ်လျက်ရှိကြသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရေဆက်လက်မြင့်တက်နေပါက အရေးပေါ်အစီအမံများအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ref: သည်နေရှင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတပြော

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မ တီကကြီးမှူးကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအ မှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများသည် စိန်ခေါ်မှုများစွာရှိနေရာ ယင်း စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နိုင်ငံ တော်နှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါ တီကအလှူငွေကျပ်(၅)သိန်းတို့အပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက် တွန်း

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071