Home Movies မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် အသိပေး

မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် အသိပေး

0
84

​ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် လေပြင်းတိုက် ခတ်ခြင်းအပါအဝင် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ကြို တင်သတိပြုကြရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်လ (၂၀) ရက် ညနေပိုင်းတွင်သတိပေး ထုတ်ပြန်ထားသည်။

​လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။

​အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ​လေပြင်းတိုက်ခတ်ခြင်း၊ ​မိုးထစ် ချုန်းခြင်း၊ ​မိုးကြိုးပစ်ခြင်း၊​လျှပ်စီးလက်ခြင်းနှင့် ​မိုးသီးကြွေခြင်း​စသည့် မိုးလေဝ သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မိဘပြည်သူများအနေဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန် အသိပေးထားသည်။

​ထို့အပြင် မနက်ဖြန် ဇွန်(၂၁)နံနက်အထိ ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက် ၍ မိုးကြီးနိုင်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေ ပြည်တော်တို့တွင်လည်း မိုးထစ်ချုန်းရွာရန် ရာနှုန်းပြည့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here