Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeCelebrities' Newsမိခင်တွေက သားသမီးတွေကို လက်လွတ်စပယ်မထားဖို့...

မိခင်တွေက သားသမီးတွေကို လက်လွတ်စပယ်မထားဖို့ ပညာပေးဇာတ်ကားရိုက်ကူးမယ့် အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်

လက်ရှိမှာတော့ပရိသတ်များရဲ့အချစ်တော် အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာသူ့ ကလေးတွေရဲ့ကျောင်းကိစ္စတွေကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားတာ တွေ့ရသလို အခုချိန်မှာတော့ ဒါရိုက်တာဟိန်းစိုးရိုက်ကူးမယ့် “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ “ဟစ် တိုင်”ရုပ်ရှင်ဇာတ်ကားဟာ အခုလတ်တလောဖြစ်ပေါ်နေကြတဲ့ သက်ငယ်မုဒိမ်းမှုတွေကို အခြေခံ ရိုက်ကူးမယ့်ပညာပေးဇာတ်ကားတစ်ကားဖြစ်ပြီး မိခင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီလိုဇာတ်ကားမျိုးကို သရုပ်ဆောင်ရတဲ့အခါ ရင်ထဲမှာတစ်မျိုးကြီးဖြစ်နေတယ်လို့ ဒီဇာတ် ကားကြီးနဲ့ပတ်သက်ပြီး သရုပ်ဆောင်အိန္ဒြာကျော်ဇင်က ပြောပြခဲ့ပါတယ်။

“အဓိကကတော့ ဒီဇာတ်ကားထဲမှာ အစ်မသရုပ်ဆောင်ရတဲ့ ဒေါင်းနီရဲ့စိတ်ဓာတ်က မဟုတ်မခံပေါ့နော်။ သမီးကို ချစ်တဲ့စိတ်နဲ့ အကုန်လုံးကို စွန့်လွှတ်နိုင်တယ်။ အဓိကကတော့ သက် ငယ်မုဒိမ်းကိုပညာပေးအနေနဲ့ သွားချင်တဲ့ဇာတ်မျိုးပါ။ မိခင်တွေအနေနဲ့ ဒီလို မုဒိမ်းမှုတွေ မဖြစ်အောင် ကလေးငယ်တွေကို လက်လွတ်စပယ်မထားဖို့ ဒီဇာတ်ကားကပညာပေးတဲ့ သဘောမျိုးပါ။ အစ်မအနေနဲ့ ဒီလိုပညာပေးဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက်ကျေနပ်မိပါတယ်။ အကောင်းဆုံးလည်း သရုပ်ဆောင်သွားဖို့ရှိပါတယ်။

အစ်မလည်းမိခင်တစ်ယောက်ဖြစ်တဲ့ အတွက် သက်ငယ်မုဒိမ်းဆိုတဲ့ ဒီလိုမျိုးသတင်းတွေကြားရင် ရင်ဘတ်ထဲမှာ ဘယ်လိုကြီးဖြစ်သွားမှန်း မသိဘူး။ အရမ်းခံစားရတယ်။ ကိုယ်ကလည်း မွေးထားတာသမီး မိန်းကလေးပါတယ်ဆိုတော့ ဒါ မျိုးတွေက မိခင်တွေနဲ့သက်ဆိုင်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားလေးကအခြား ဇာတ်ကားတွေနဲ့မတူဘဲ ပညာပေးဇာတ်ကားလေးလည်းဖြစ်တဲ့အတွက် အခက်အခဲတွေကတော့ တခြားဇာတ်ကားတွေထက်ရှိမှာပဲ။ အဓိကကတော့ ဒီဇာတ်လမ်းပေါ်မှာစိတ်ပါဝင်ခံစားချက်ကဇာတ်ကား ရိုက်ကူးနေမယ့်အချိန်မှာ ဘယ် လောက်ထိ ပြင်းထန်သွားမလဲဆိုတာ ဒီဇာတ်ကားမှာ သရုပ်ဆောင်မယ့် အစ်မလည်း စိတ်ဝင်စားနေပါ တယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။လက်တလောမှာ ရိုက်ကူးဖို့ကမ်းလှမ်းလာတဲ့ ဇာတ်ကားတချို့ကို ငြင်းဖြစ်တာနဲ့ ပတ်သက်ပြီးလည်း အိန္ဒြာကျော်ဇင်က…

“ဇာတ်ကားရိုက်ကူးမှုတွေကို ငြင်းဖြစ်နေတာကလည်း အခြေအနေ အကြောင်းတရားကမတိုက်ဆိုင်ဘူး။ ပြီးတော့ကလေးကျောင်းကိစ္စတွေ၊ နယ်ထွက်ဖို့ အဆင်မပြေတာတွေ ကြောင့် ဇာတ်ကားရိုက်ကူးမှုတွေနားဖြစ်တာပါ။ အခုဒီဇာတ်ကားကတော့ ကလေးတွေကျောင်းပိတ်နေ တဲ့အချိန်၊ ဩဂုတ်လလယ်မှ ဖွင့်မှာဆိုတော့ ဒီဇာတ်ကားက ဇူလိုင်မှာရိုက်ကူးမှာဆိုတော့နယ် ထွက်ပြီးတော့ ရိုက်ကူးလို့အဆင်ပြေတယ်။ နောက်ပြီး ဇာတ်လမ်းလေးကလည်း အရမ်းကောင်း တယ်။ ဝတ္တုမှာကတည်းက စာဖတ်ပရိသတ်အကြားမှာပေါက်ထားတော့ ဒီဇာတ်လမ်းကိုကမ်းလှမ်း တဲ့ကုမ္ပဏီနဲ့ ဒါရိုက်တာဟိန်းစိုးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071