Thursday, May 7, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalမနီလာတွင် ခြင်ငါးကောင်ရလျှင့် တစ်ပီဆို...

မနီလာတွင် ခြင်ငါးကောင်ရလျှင့် တစ်ပီဆို ဆုငွေပေး

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်နေသောကြောင့် အ‌ေ-သဖြစ်စေ အရှင်ဖြစ်စေ ခြင်ငါးကောင်ရလျှင် တစ်ပီဆို (အမေရိကန်ဒေါ်လာ နှစ်ဆင့်နီးပါး) ဆုငွေပေးအပ်သည့်အတွက် မနီလာမြို့လယ် ရပ်ကွက်တစ်ခုရှိ ဒေသခံများသည် ဗုဒ္ဓဟူးနေ့က ဆုငွေထုတ်ယူရန် တန်းစီခဲ့ကြသည်။

သူစတင်ခဲ့သော အသိပညာပေး စီမံချက်သည် ဒေသတွင်း သန့်ရှင်းရေးလုပ်ဆောင်မှုများနှင့် ပေါင်းစပ်လိုက်သည့်အခါ အပူပိုင်းဒေသရောဂါ ပြန့်နှံ့မှုကို တားဆီးရာတွင် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိနိုင်သည်ဟု Addition Hills ကျေးရွာအုပ်ချုပ်ရေးမှူး ကာလစ်တို ကာနဲလ်က ပြောဆိုသည်။

ဖိလစ်ပိုင် ကျန်းမာရေးတာဝန်ရှိသူများနှင့် ပညာရှင်များက ယင်းအစီအစဉ်အပေါ် ယုံကြည်မှုသိပ်မရှိဟု အေအက်ဖ်ပီကို ပြောဆိုခဲ့သော်လည်း ရောဂါပိုးသယ်ဆောင်နိုင်သော ခြင်များထည့်ထားသည့် ပုံးများ၊ ခွက်များနှင့် အခြားထည့်စရာပစ္စည်းကို ကျေးရွာခန်းမရှိရာသို့ သယ်ဆောင်လာကာ ဆုငွေနှင့်လဲရန် ရောက်ရှိလာသည့် ဒေသခံများကြားတွင်မူ စိတ်အားထက်သန်မှု မြင့်မားနေခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်၌ အနောက်ပစိဖိတ်ဒေသတွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များဆုံး နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပြီး ရောဂါဖြစ်ပွားသူ ၁၆၇,၃၅၅ ဦးနှင့် ‌ေ-သဆုံးသူ ၅၇၅ ဦး ရှိခဲ့သည်ဟု ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်ဆုံးရှုံးနိုင်ခြေနည်းသော်လည်း ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းမှသည် ဂလင်းများရောင်ရမ်းခြင်းကဲ့သို့ ရောဂါလက္ခဏာများ ခံစားရသည်။

ဖေဖော်ဝါရီ ၁ ရက်အထိ ရောဂါဖြစ်ပွားသူ လူနာပေါင်း ၂၈,၂၀၀ တွေ့ရှိခဲ့ပြီး နိုင်ငံ၌ ယခုနှစ်တွင် ရောဂါဖြစ်ပွားမှုသည် ပုံမှန်မဟုတ်သောအနေအထားဖြင့် မြင့်တက်လာသည်ဟု ကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အဲလ်ဘတ် ဒိုမင်ဂိုက ပြောဆိုခဲ့ပြီး ယမန်နှစ်အလားတူကာလကထက် ရောဂါဖြစ်ပွားမှု ၄၀ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု ဆိုသည်။

နိုင်ငံတွင် မြို့ကြီး ငါးမြို့နှင့် မြူနီစီပယ်နယ်မြေများကို ရောဂါဖြစ်ပွားနေကြောင်း ကြေညာထားကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေး စီမံချက်အားလုံးကို ကြိုဆိုသော်လည်း Addition Hills ကျေးရွာ၏ ခြင်ဖမ်းဆီးပုံမျိုးသည် သက်ရောက်မှု အနည်းငယ် သို့မဟုတ် လုံးလုံး မရှိနိုင်ဟု ပြည်သူ့ကျန်းမာရေးပညာရှင် အန်သိုနီ လီချွန်က အေအက်ဖ်ပီကို ပြောဆိုသည်။

အချို့သော ဒေသခံများသည် ငွေကြေးအတွက် ခြင်များကို ပေါက်ပွားစေခြင်းဖြင့် ပြဿနာကို ပို၍ပင် ဆိုးစေနိုင်သည်ဟု သူက သတိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071