Sunday, July 19, 2026

ဆာကာ၏ ဟတ်ထရစ်သွင်းဂိုးများနှင့်အတူ ပြင်သစ်ကို ၆-၄...

အမေရိကန်၊ ဇူလိုင်-၁၉ ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် အင်္ဂလန်အသင်းသည် ပြင်သစ်အသင်းကို ၆ ဂိုး - ၄ ဂိုးဖြင့် အနိုင်ရရှိပြီး...

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေး အကျုံးဝင် အလုပ်ဌာနများမှ...

ရန်ကုန်၊ဇူလိုင်-၁၉ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၄/၂၀၂၆...

နေပြည်တော်တွင် ငလျင်ကြောင့် ပျက်ဆီးသွားသည့် ရုံးအဆောက်အုံများ...

နေပြည်တော်၊ဇူလိုင်-၁၉ နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။ ယမန်နေ့က ယင်းကဲ့သို့ပြင်ဆင်‌ဆောက်လုပ်မှုအခြေအနေများကို အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန...

၇၉ နှစ်မြောက် အာဇာနည်နေ့အတွက် ဝမ်းနည်းကြောင်း...

ယနေ့ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ကို မြန်မာပြည်သူပြည်သားများ နှင့် အတူ ဗြိတိန်သံရုံး ရန်ကုန် အနေဖြင့် လေးစားဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတန်သံရုံး(ရန်ကုန်)က...
HomeMoviesဘာရိန်းမှာရှိတဲ့ အမေရိကန်လေတပ်စခန်းကို အီရန်က...

ဘာရိန်းမှာရှိတဲ့ အမေရိကန်လေတပ်စခန်းကို အီရန်က ဒရုန်းနဲ့ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်

​အီရန်စစ်တပ်ရဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ဖြစ်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) က ဘာရိန်းနိုင်ငံ အီဆာ(Isa) လေတပ်စခန်းမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို နောက်ထပ်တစ်ကြိမ် အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

​နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့ IRGC ရဲ့ ကြေညာချက်ထဲမှာတော့ “လွန်ခဲ့တဲ့ နာရီပိုင်းလောက်က အီရန်စစ်တပ်ရဲ့ ဒရုန်းတွေဟာ ဘာရိန်းမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်လေယာဉ်ရုံတွေ၊ လောင်စာဆီ သိုလှောင်ရုံတွေအပြင် ဆက်သွယ်ရေးဗဟိုဌာန တော်တော်များများကို တိုက်ခိုက်ခဲ့တယ်” လို့ ပါရှိပါတယ်။

​အခုတိုက်ခိုက်ခံရတဲ့ လေတပ်စခန်းဟာ ဒီဒေသတွင်းမှာ အမေရိကန်ရဲ့ လေကြောင်းနဲ့ ရေကြောင်းစစ်ဆင်ရေးတွေအတွက် အဓိကအချက်အချာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း အီရန်စစ်တပ်က ဆိုပါတယ်။

​တစ်ဖက်မှာလည်း အမေရိကန်ဗဟိုစစ်ဌာနချုပ်(CENTCOM) က အီရန်ပိုင်နက်ထဲကို နောက်ထပ်တစ်ကြိမ် စစ်ဆင်ရေးတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးစီးသွားပြီလို့ ပြောပါတယ်။

​CENTCOM က X (တွစ်တာ) လူမှုကွန်ရက်ပေါ်မှာ “အမေရိကန်တပ်ဖွဲ့တွေဟာ ခုနစ်ညဆက်တိုက် တိုက်ခိုက်မှုကို အဆုံးသတ်လိုက်ပါပြီ” လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်တပ်တွေအနေနဲ့ အီရန်ရဲ့ ထောက်လှမ်းရေးစခန်းတွေ၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေ၊ မြေအောက်လက်နက်သိုလှောင်ရုံတွေနဲ့ ရေကြောင်းဆိုင်ရာ လုပ်နိုင်စွမ်းတွေကို ထိမှန်အောင် တိုက်ခိုက်ခဲ့တယ်လို့လည်း ဖြည့်စွက်ပြောထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆာကာ၏ ဟတ်ထရစ်သွင်းဂိုးများနှင့်အတူ ပြင်သစ်ကို ၆-၄ ဖြင့်အနိုင်ရပြီး ကမ္ဘာ့ဖလား တတိယနေရာ အင်္ဂလန် ဆွတ်ခူး

အမေရိကန်၊ ဇူလိုင်-၁၉ ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် အင်္ဂလန်အသင်းသည် ပြင်သစ်အသင်းကို ၆ ဂိုး - ၄ ဂိုးဖြင့် အနိုင်ရရှိပြီး တတိယဆုကို ရရှိခဲ့သည်။ အမေရိကန် မိုင်ယာမီတွင် ယှဉ်ပြိုင်ခဲ့သည့် ဤပွဲစဉ်၌ နှစ်သင်းပေါင်း သွင်းဂိုး ၁၀ ဂိုးအထိ ရှိခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံး တတိယနေရာလုပွဲအဖြစ် စံချိန်တင်ခဲ့ပြီး အင်္ဂလန်အသင်းအတွက် ၁၉၆၆ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၆၀ အတွင်း အကောင်းဆုံး ကမ္ဘာ့ဖလား အဆင့်သတ်မှတ်ချက်လည်း ဖြစ်သည်။ ပွဲစတင်ပြီး ၃ မိနစ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေး အကျုံးဝင် အလုပ်ဌာနများမှ ငွေကြေးအကျိုးခံစားခွင့်အဖြစ် ကျပ်သန်း ၂၈၂၂ ဒသမ ၈၉၉ သန်း ခွင့်ပြုထုတ်ပေးထားပြီး ဖြစ်

ရန်ကုန်၊ဇူလိုင်-၁၉ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအကျုံးဝင်အလုပ်ဌာနများ မှတ်ပုံတင်ခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၄/၂၀၂၆ လမှ ၆/၂၀၂၆ လအထိ ငွေကြေးအကျိုးခံစားခွင့်ငွေပေါင်း ကျပ်သန်း ၂၈၂၂ ဒသမ ၈၉၉ သန်း ခွင့်ပြုထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတစ်ရုံး၊ ခရိုင်လူမှုဖူလုံရေးရုံးနှစ်ရုံးနှင့် မြို့နယ်လူမှုဖူလုံရေးရုံး ၁၅ ရုံး ဖွင့်လှစ်ထားရှိပြီး လုပ်‌ဆောင်ပေးနေခြင်းလည်း ဖြစ်သည်။ ထို့ပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို...

နေပြည်တော်တွင် ငလျင်ကြောင့် ပျက်ဆီးသွားသည့် ရုံးအဆောက်အုံများ ပြင်ဆင်ခြင်း နှင့် အသစ်တည်ဆောက်ခြင်းများ လုပ်ဆောင်နေ

နေပြည်တော်၊ဇူလိုင်-၁၉ နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။ ယမန်နေ့က ယင်းကဲ့သို့ပြင်ဆင်‌ဆောက်လုပ်မှုအခြေအနေများကို အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဆောက်အအုံအသစ်တည်ဆောက်ရေး လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ရုံးသို့ရောက်ရှိပြီး ကော်မတီဥက္ကဋ္ဌက “ ပြန်လည်ပြုပြင်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရေးအတွက် Shear Walls များ ထည့်သွင်းဆောင်ရွက်ရာတွင် နည်းစနစ်မှန်ကန်စေရေး၊ မြို့ပြ/...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071