မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော် (၂,၅၉၅,၉၃၇ ဒသမ ၅၀) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ဗဟိုဘဏ်၏ FX Trading စနစ်အရ နိုင်ငံခြားငွေ ဝယ်ယူရရှိမှုများတွင် ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးဝယ်ယူခဲ့ပြီး စက်သုံးဆီကဏ္ဍက ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍက ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍက ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍက ၁၀ ရာခိုင်နှုန်းနှင့် ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍက ၈ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စားသုံးကုန်စည်ကဏ္ဍ၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍ၊ ထုတ်ပိုးမှုပစ္စည်းကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍနှင့် စက္ကူကဏ္ဍတို့တွင်လည်း နိုင်ငံခြားငွေများ ခွဲဝေဝယ်ယူရရှိခဲ့ပြီး၊ အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များအတွက် စုစုပေါင်း ၉ ရာခိုင်နှုန်း ဝယ်ယူရရှိခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
