Wednesday, April 29, 2026

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး...

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး...

MAI နှင့် KBZMS တို့ပူးပေါင်း၍...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း)...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ်...

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇...
HomeInternationalဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း...

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်း

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ နောက်ဆုံးထုတ်ဝေသော စီးပွားရေး အစီရင်ခံစာတွင် ဧပြီလ ၁၀ ရက်က ဖေါ်ပြထားသည်။

တိုးတက်မှုကို ပြန်လည်ရုန်းထနိုင်စွမ်းရှိသော ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်ဖြင့် ပံ့ပိုးပေးထားပြီး ပြင်ပအခြေအနေများ တိုးတက်ကောင်းမွန်လာကာ ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးကုန်ထုတ်စွမ်းအားကို ဆက်လက်မြှင့်တင်နိုင်သောကြောင့် တိုးတက်မှုနှုန်းသည် 2027 ခုနှစ်တွင် 5 ရာခိုင်နှုန်းအထိ ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းထား ကြောင်း အစီရင်ခံစာက ဆိုသည်။

“ကမ္ဘောဒီးယားဟာ ပြင်ပဖိအားတွေကို ရင်ဆိုင်ရာမှာ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုကို ဆက်လက်ပြသနေပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံ အေဒီဘီ ဒါရို-က်တာ Yasmin Siddiqi က ပြောကြားခဲ့သည်။

“ကုန်ထုတ်လုပ်မှုသည် ခိုင်မာနေဆဲဖြစ်ပြီး ခရီးသွားကဏ္ဍကို အားကောင်းစေရန် အစိုးရ၏ ကြိုးပမ်းမှုများသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားမှ စီးပွားရေးအရှိန်အဟုန်ကို ထိန်းသိမ်းရန် ကူညီပေးလိမ့်မည်” ဟုသူကဆိုသည်။

ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘောဒီးယား၏ ရေရှည်တိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရန် အရေးကြီးကြောင်း၊ ကုန်ထုတ်စွမ်းအားရှိသော လုပ်သားအင်အားကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တမူထူးခြားကွဲပြားသော အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် မရှိမဖြစ် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှုသည် 2026 ခုနှစ်တွင် စီးပွားရေး၏ အဓိက တိုးတက်မှုမောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေ မည် ဖြစ်ပြီး စက်မှုကုန်ထုတ်စွမ်းအား 7.3 ရာခိုင်နှုန်း တိုးတက်မည်ဟု အစီရင်ခံစာက ဆိုသည်။

“ဒါဟာ အထည်ချုပ်လုပ်ငန်း ခိုင်မာမှုနဲ့ လျှပ်စစ်အစိတ် အပိုင်းတွေ၊ တာယာတွေနဲ့ ပရိဘောဂတွေ အပါအဝင် အထည်ချုပ်မဟုတ်တဲ့ ထုတ်လုပ်မှုကနေ ပံ့ပိုးမှုတွေ တိုးလာတာကြောင့် ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကြာရှည်သော လောင်စာဆီဈေးနှုန်း ဂယက်ကြောင့် သွင်းကုန် ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ပြီး စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းကို ဆိုးရွားစွာ ထိခိုက်နိုင်သည်” ဟု အစီရင်ခံစာက ဆိုသည်။

Ref ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေး

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးစီမံကိန်းများ ရေးဆွဲထားပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့်...

MAI နှင့် KBZMS တို့ပူးပေါင်း၍ Travel Protect Insurance (ခရီးသွားအာမခံ)စတင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ ပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက် ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့် ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု၊ မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတို့အတွက် အကာ အကွယ်ပေးနိုင်မည်ဖြစ်သည်။ " ကျွန်တော်တို့က ခရီးသည်တွေအတွက်ပိုမိုကောင်း မွန်တဲ့ခရီးသွားဝန်ဆောင်မှုတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် KBZMS နဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်"ဟု MAI ၏ CEO...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း) လူမှုဖူလုံရေးအဖွဲ့က လူနာ(၁,၁၄၆,၆၈၅)ဦးကိုကုသပေးခဲ့ပြီး ဆေးဖိုးပြန်အမ်းမှု(၇၇,၈၀၇)မှုအ တွက် ငွေကျပ်(၇,၉၇၄ ဒသမ ၃၉၆)သန်းကိုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဖူလုံရေးအဖွဲ့က ရန်ကုန်တိုင်းရှိ အာမခံအလုပ်သ မားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ် သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ(ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်းတို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသည့် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)အား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071