ယမန်နေ့ ဧပြီလ (၂၁) ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးအတွင်း လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်သူများဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအဓိကပံ့ပိုးပေးရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ထို့အပြင် သီးနှံများဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် နည်းလမ်းစုံဖြင့် ကူညီရန်၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးပြီး သဘာဝမြေဩဇာကို ဈေးကွက်အ တွင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး ဆောင်ရွက်ရန်၊ အထွက်နှုန်းနည်းသည့် သဲဆန်ကုန်းကြောမြေများတွင် စပါးမျိုးပြောင်းလဲခြင်းနှင့် မြေယာပြုပြင်ခြင်းများ ပြုလုပ်ရန်၊ ဝါးစိုက်ခင်းများ တည် ထောင်ခြင်းနှင့် ဝါးအခြေခံစက်မှုလုပ်ငန်းများကိုအားပေးရန် လမ်းညွှန်မှာကြားသည်။
အလားတူ လျှပ်စစ်မီးလိုအပ်ချက်အ တွက် Solar System နှင့် စပါးခွံ့သုံး လျှပ် စစ်ထုတ်လုပ်ရေး (Gasifier) လုပ်ငန်းများကို အခွင့်အလမ်းကောင်းများ ဖန်တီးပေးသွားမည်ဖြစ်ပြီး၊ တိရစ္ဆာန်ကောင်ရေ တိုးချဲ့မွေးမြူရန်၊ မွေးမြူရေးသမားအသစ်များ ဖော်ထုတ်ရန်နှင့် တိရစ္ဆာန်အစာကို ဒေသထွက်ကုန်ကြမ်းများဖြင့် ကိုယ် တိုင်ထုတ်လုပ်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် MSME ကဏ္ဍနှင့် လယ်သုံးစက်ကိရိယာထုတ်လုပ်မှုကိုလည်း အား ပပေးကူညီသွားရန်မှာကြားခဲ့ကာ လက်ရှိတွင် ပူပြင်းသည့် ရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်းနှင့် မီးဘေးအန္တရာယ်များကို ပြည်သူများ အထူးဂရုပြု နေထိုင်ကြရန် ဝန်ကြီးချုပ်က အထူးသတိပေးလမ်းညွှန်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့ နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လုပ် ဆောင်မည့်စီမံချက်များကိုရှင်းလင်းတင် ပြခဲ့ကြကြောင်း သိရသည်။
