Friday, August 14, 2026

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၂၆)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၂၆) ဒုတိယနေ့ကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပမည်ဖြစ်ရာ ငွေစာရင်းနှင့်ပတ်သက်သည့် သုံးသပ်ချက်ကိုတင်ပြဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။ ပဲခူးတိုင်း၏...

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ် တို့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် အထက်ပါအကြောင်းအရာကို ဆွေး...

​ဟော်မုဇ်ရေလက်ကြားမှာ ယူအေအီး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ

​အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်တဲ့ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ယူအေအီး သတင်းအေဂျင်စီ WAM က...

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို...

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက...
HomeMoviesပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာ...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာ ကျပ် ၁၈၀ ဝန်းကျင် ပြန်ကျ

ရန်ကုန်၊ ဩဂုတ်-၁၄

ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၁ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဩဂုတ်လ ၁၄ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron ၃,၆၅၀ ကျပ်၊
ဓာတ်ဆီ 95 Ron ၃,၇၇၀ ကျပ်၊
ဒီဇယ် (HSD 500 ppm) ၄,၀၂၀ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၄,၈၇၀ကျပ်အထိ ဖြစ်သည်။ ဩဂုတ် ၂၀ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၉၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၈၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၈၀ ကျပ် ကျဆင်းခဲ့သည်။

သင်္ကြန်ကျော်ကာလ ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၀၈၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၁၇၅ ကျပ်၊ဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၈၈၅ ကျပ် စျေးကျလာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၂၆) ဒုတိယနေ့တွင် ငွေစာရင်းနှင့်ပတ်သက်သည့် သုံးသပ်ချက်ကိုတင်ပြဆွေးနွေးမည်

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂ဝ၂၆) ဒုတိယနေ့ကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပမည်ဖြစ်ရာ ငွေစာရင်းနှင့်ပတ်သက်သည့် သုံးသပ်ချက်ကိုတင်ပြဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။ ပဲခူးတိုင်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ်သက်၍ သုံးသပ်ချက်အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သုံးသပ်ချက်အစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကတင်သွင်းခြင်းဖြစ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များကဆွေးနွေးကြမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ် တို့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် အထက်ပါအကြောင်းအရာကို ဆွေး နွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သောချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြားတည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

​ဟော်မုဇ်ရေလက်ကြားမှာ ယူအေအီး သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရ

​အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်တဲ့ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ယူအေအီး သတင်းအေဂျင်စီ WAM က ဆိုပါတယ်။ ​ADNOC ကုမ္ပဏီက "ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက ဟော်မုဇ်ရေလက်ကြားကို ဖြတ်နေတုန်း ကျွန်တော်တို့ သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရတာပါ။ ဘယ်သူမှတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး၊ အခုဆိုရင် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ပါပြီ" လို့ ပြောပါတယ်။ ​ဒီတိုက်ခိုက်မှုဟာ အီရန်လက်ချက်ပဲလို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ ဒီလို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071