ပဲခူး၊ စက်တင်ဘာ ၅
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့ရှိ ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ်ကွက်များသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကြီးစုရပ်ကွက်အတွင်း စက်လှေဖြင့် လှည့် လည်ကြည့်ရှုခဲ့ပြီး ရေဝင်ရောက်နေသည့် နေအိမ်များမှ ပြည်သူများထံ ထမင်း ထုပ်၊ ရေသန့်၊ အအေးနှင့် မုန့်များ ပေး အပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောက်ကြီးစု၊ မြို့သစ်နှင့် ရွာသစ်ရပ်ကွက်များတွင် ရေဝင်ရောက်မှု လျော့နည်းစေရေး ဆောင်ရွက်ထားသည့် ယာယီရေတားတာနှင့် ရေတံခါးတည် ဆောက်မည့်နေရာများကို ကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ကလျာဏီသိမ်တော်ကြီးဘုန်းကြီးကျောင်းရှိ ယာယီရေဘေးရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ မုန့်နှင့် ထ မင်းထုပ်များ ပေးအပ်ခဲ့သည်။
ထို့အပြင် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ ပန်းဆိုးချောင်း ပြန်လည်တူးဖော်နိုင်ရေးနှင့် ကျေးရွာချင်းဆက်လမ်း ရေကျော်နေမှုတို့ကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
