Wednesday, June 10, 2026

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...
HomeInternationalပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို...

ပင်လယ်နီတွင် အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး အမေရိကန် တိုက်လေယာဉ်ကိုလည်း ပစ်ချခဲ့ကြောင်း ဟူသီများပြောကြား

ယီမင်နိုင်ငံ Ansar Allah လှုပ်ရှားမှုမှ ဟူသီများသည် ပင်လယ်နီတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး F/A-18 တိုက်လေယာဉ်တစ်စင်းကိုလည်း ပစ်ချခဲ့ကြောင်း ယင်းလှုပ်ရှားမှု၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မနေ့ညနေပိုင်းတွင် USS Harry S. Truman လေယာဉ်တင်သင်္ဘော နှင့် အခြားသော ဖျက်သင်္ဘောများကို တိုက်ခိုက်ခြင်းဖြင့် ကျွန်ုပ်တို့နိုင်ငံကို အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုမှ တားဆီးနိုင်ခဲ့သည်” Yahya Sarea က ဟူသီထိန်းချုပ်ထားသော Al Masirah ရုပ်မြင်သံကြားလိုင်းသို့ ပြောကြားခဲ့သည်။

သူ၏ ပြောကြားချက်အရ အမေရိကန်စစ်သင်္ဘောများကို တိုက်ခိုက်ရာတွင် ခရုဇ်ဒုံးကျည် ၈ စင်းနှင့် ဒရုန်း ၁၇ စင်းတို့ကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟူသီတိုက်ခိုက်မှုအတွင်း အနောက်နိုင်ငံများမှ စစ်လေယာဉ်အများစုသည် ပင်လယ်နီ၏ နိုင်ငံတကာရေပိုင်နက်တွင်ရောက်ရှိနေသည့် လေယာဉ်တင်သင်္ဘောကို ခုခံကာကွယ်ရန် ယီမင်လေပိုင်နက်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

စနေနေ့ညနေပိုင်းတွင် ဟူသီများထိန်းချုပ်ထားသော ယီမင်နိုင်ငံမြို့တော် Sana တွင် ကြီးမားသော လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း Al Masirah နှင့် Saba သတင်းဌာနတို့ထံမှ သိရသည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENTCOM) ၏ အဆိုအရ အမေရိကန် စစ်တပ်သည် ဟူသီ ကွပ်ကဲမှု စခန်းများနှင့် မြို့တွင်းရှိ ဒုံးကျည် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟူသီဒရုန်းအများအပြားနှင့် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များကိုလည်း ပစ်ချခဲ့သည်။

USS Harry S. Truman လေယာဉ်တင်သင်္ဘော ပါဝင်သည့် ရေယာဉ်အုပ်စုမှ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော USS Gettysburg သည် မှားယွင်းပစ်ခတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး USS Harry S. Truman လေယာဉ်တင်သင်္ဘောပေါ်မှ ပျံသန်းလာသော F/A-18 တိုက်လေယာဉ်ကို ထိမှန်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်(CENCOM)မှ ပြောကြားခဲ့သည်။လေယာဉ်ပျက်ကျခဲ့သော်လည်း လေယာဉ်မှူးနှစ်ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်မှ တဆင့် သိရခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦများ စနစ်တကျရှိစေရေးနှင့် အမြင်မတင့်တယ်သော ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းခြင်း၊ မြေအောက်သို့ ချခင်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကိုလည်း ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၁)၊ ဆက်သွယ်ရေးအော်ပရေတာကြီး (၄) ခု၊...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အ လွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အ လွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ် (တိုင်ပေ)နိုင်ငံသား(၁၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦးနှင့် ပါကစ္စတန်နိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အ မှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071