ဟိမဝန္တာတောင်တန်းတလျှောက်ရှိ ရပ်ရွာများကို မွှေနှောက်ဖျ-က်ဆီးခဲ့သော ရုတ်တရက် ရေကြီးမှုကြီးဖြစ်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေဆဲဖြစ်သော လူထောင်ပေါင်းများစွာကို အနံ့ခံခွေးများအကူအညီဖြင့် နီပေါနှင့် တရုတ်နယ်စပ်ရှိ ရွှံ့ပြင်များ၊ ကျောက်တုံးများနှင့် အပျက်အစီးများကြားတွင် ဆက်လက်ရှာဖွေနေကြပြီး လက်ရှိအထိတွင် ေ-သဆုံးသူ ၁၀၀၀ ကျော်လာကြောင်း သိရသည်။
ခတ္တမန္ဒူရှိ ရဲများသည် အလောင်းများစွာကို မြေကျင်းများစွာတွင် မြှုပ်နှံပေးခဲ့ကြပြီး လက်ရှိအထိ ေ-သဆုံးသူ ၁,၀၀၃ ဦးရှိကာ နိုင်ငံခြားသား ၅၈၃ ဦး အပါအဝင် လူ ၃,၉၁၆ ဦး ပျောက်ဆုံးနေကြောင်း နီပေါ သဘာဝဘေးအန္တရာယ်ဌာနက ပြောကြားခဲ့သည်။ တရုတ်ဘက်တွင် နောက်ဆုံးထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ ေ-သဆုံးသူ ၁၆ ဦးနှင့် နိုင်ငံခြားသား ၂၆၁ ဦး အပါအဝင် ပျောက်ဆုံးသူ ၅၄၆ ဦးရှိကြောင်း သိရသည်။
သြဂုတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်၏ အတိုင်းအဆပမာဏသည် နှစ်နိုင်ငံလုံးရှိ ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေခဲ့ပြီး မြေပြိုမှုများ၊ လမ်းများပျက်စီးခြင်းနှင့် နေရာအနှံ့ ပျက်စီးမှုများကြောင့် ဝေးလံသီခေါင်သောနယ်မြေများနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ မြေပြင်အခြေအနေမတည်ငြိမ်မှုနှင့် အပျက်အစီးများ စုပုံနေသော အနေအထားတွင် ရှာဖွေမှုလုပ်နေရသော ကယ်ဆယ်ရေးသမားများအတွက် အန္တရာယ်များရှိနေကာ အဆက်အသွယ်ပြတ်နေသော ရပ်ရွာများသို့ ကယ်ဆယ်ရေးသမားများ ဝင်ရောက်လာနိုင်သည်နှင့်အမျှ သေဆုံးသူဦးရေ တိုးလာနိုင်သည့်အပေါ် စိုးရိမ်မှုများပိုလာသည်။
ရေကြီးမှုကြောင့် နီပေါနိုင်ငံ ရေအားလျှပ်စစ်စီမံကိန်းများရှိ ပျက်စီးသွားသော ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသည်ဟု ယူဆရသော အလုပ်သမားရာပေါင်းများစွာထံ ရောက်ရှိရန် ကယ်ဆယ်ရေးသမားများက အချိန်လုလုပ်ဆောင်နေကြသည်။
စီမံကိန်း ၁၂ ခုမှ အလုပ်သမားပေါင်း ၉၀၀ ခန့် ပျောက်ဆုံးနေပြီး ၅၀၀ ခန့်သည် ဥမင်လိုဏ်ခေါင်းများထဲတွင် ပိတ်မိနေနိုင်သည်ဟုယူဆရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: ဝမ်းနူးစ်
