နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ_ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအားဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ယနေ့ ဧပြီ ၈ ရက်က ချီး မြှင့်ပေးအပ်ခဲ့သည်။
နိုင်ငံတော်သမ္မတမှ နိုင်ငံတော်တာဝန်ကိုစတင်ယူခဲ့ချိန် မှစ၍ အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ရသည်ကို မိမိနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော်သားများပူးပေါင်းပြီး ပြည်သူလူထုအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတမှ ကိုဗစ်-၁၉ ကူးစက်ရောဂါအား အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့မှု၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် လူအေ-သအပျောက်နှင့် ပျက်စီးခဲ့ရမှုများကိုပြန်လည်ထူ ထောင်နိုင်ခဲ့မှု၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုတို့ကိုလည်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒု-ဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုသို့ ပေးအပ်ချီးမြှင့်ပြီးနောက် နိုင်ငံတော်သမ္မတမှ တက်ရောက်လာကြသူများအား လဖက်ရည်ဝိုင်းဖြင့်တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
