၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းကို နည်းပြချုပ် ဦးသန်းဝေ က ဦးဆောင်ကိုင်တွယ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းနှင့်ပူးပေါင်းနေသည့်ကစားသမား (၄) ဦးနှင့်ဒ-ဏ်ရာကြောင့် ခွဲစိတ်မှုခံယူထားရသောတိုက် စစ်မှူး ယွန်းဝတီလှိုင်တို့ ပါဝင်နိုင်ခြင်း မရှိသေးကြောင်း အသိပေးထားသည်။
ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းကို ၂၀၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အမျိုးသမီး ဘောလုံးလောက တိုးတက်ရန်နှင့် မျိုးဆက်သစ် ကစားသမားကောင်းများပေါ်ထွက်လာရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။
အသင်းစတင်တည်ထောင်ပြီး မကြာမီကစားသမားကောင်းများကို စုစည်းနိုင်ခဲ့ကာ အမျိုးသမီးလိဂ်ပြိုင်ပွဲများ၌ အင်အားကြီးအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ရာသီတွင်လည်း ထိပ်တန်းအဆင့် ရလဒ်ကောင်းများကို ပိုင်ဆိုင်ထားသော အသင်းတစ်သင်း ဖြစ်ကာ
ရန်ကုန်ယူနိုက်တက်၏ ထုံးစံအတိုင်း အမျိုးသားအသင်းနည်းတူ အမျိုးသမီးအသင်းသည်လည်း ချန်ပီယံဆုကို အမြဲဦးတည်လေ့ရှိသည့် စုဖွဲ့မှုကောင်းသော အသင်းတစ်သင်းဖြစ်သည်။
