ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
