ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသို့ အတိုးနည်းသော သို့မဟုတ် အတိုးမဲ့ ချေးငွေများကို ပံ့ပိုးပေးသည့် ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(IDA) ကို အမေရိကန်ဒေါ်လာ ၃ ဒဿမ ၂ ဘီလျံ ထည့်ဝင်ပေးမှုအား ထောက်ခံအတည်ပြုပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၂ ရက်တွင် ကွန်ဂရက်ကို တိုက်တွန်းခဲ့သည်။
မစ္စတာ ထရမ့်ပ်အနေဖြင့် IDA သို့ အလှူငွေထည့်ဝင်ခြင်းများမှ ရှောင်လွှဲသွားနိုင်သည်ဟူသော မကြာခင်က စိုးရိမ်ပူပန်မှုများရှိခဲ့ခြင်းကြောင့် သုံးနှစ်အတွင်း ပေးဆောင်ရမည့် ရန်ပုံငွေ ပမာဏအတွက် နိုင်ငံတကာ ဘဏ္ဍာရေးကျွမ်းကျင်သူများက အံ့အားသင့်လုပ်ဆောင်ချက်အဖြစ် ချီးကျူးကြိုဆိုခဲ့ကြသည်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည်လည်း ဒေါ်လာ ၄ ဘီလျံ ထည့်ဝင်မည်ဟု ကတိပြုထားခဲ့သော်လည်း ယင်းငွေများကို ယခုတိုင် လွှဲပြောင်းပေးခြင်း မရှိခဲ့သေးပေ။
ရန်ပုံငွေ ပမာဏသစ်သည် နည်းပါးသွားသော်လည်း ကမ္ဘာ့ဘဏ်သည် နိုင်ငံများ၏ ပံ့ပိုးမှုများဖြင့် IDA အတွက် ဒေါ်လာ ၁၀၀ ဘီလျံရရှိရေး ၎င်း၏ ရည်မှန်းချက်ကို ရောက်ရှိရန် အထောက်အကူပြုဆဲဖြစ်ကြောင်း လုပ်ငန်းစဉ်နှင့် ရင်းနှီးသော သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ရန်ပုံငွေဆိုင်ရာ ဘတ်ဂျက်အတွက် နောက်ဆုံး အဆုံးအဖြတ်သည် ကွန်ဂရက်လွှတ်တော်တွင် မူတည်သည်။
ထရမ့်ပ်အစိုးရအနေဖြင့် ကန်ဒေါ်လာ ၄ ဘီလျံကတိကဝတ်ကို လိုက်နာမည်လားဆိုသည့် အမေးအပေါ် ဘတ်ဂျက်အတွင် ပမာဏကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်စ်စန့်က ပြောကြားခဲ့ကာ ယင်းပမာဏသည် ကမ္ဘာ့ဘဏ်ဥက္ကဌ အဂျေးဘန်ဂါနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲတို့ ငွေရင်းများ ပြန်ရမှုအပေါ် များစွာမူတည်သည်ဟု ဆိုခဲ့သည်။
မေ ၂ ရက်တွင် သမ္မတ ထရမ့်ပ်က တင်ပြခဲ့သော ဘတ်ဂျက်အဆိုပြုချက်တွင် နိုင်ငံရပ်ခြား အကူအညီ ကန်ဒေါ်လာ ၄၉ ဘီလျံဖြတ်တောက်ထားခဲ့သည်ဟု စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
