Saturday, June 13, 2026

မူဆယ်မြို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့်...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင်အခြေပြုကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၉၄) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ယနေ့ ဇွန် ၁၃ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊...

မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC...

ယူအေအီးနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC ပါဝင်ပြသနေသည့် (၅၇)ကြိမ်မြောက် အရှေ့အလယ်ပိုင်းနာရီနှင့် ကျောက်မျက်ရတနာပြပွဲကို ယူအေအီးနိုင်ငံ၊ ရှာဂျားပြည်နယ်၊ ရှာဂျားပြပွဲစင်တာ၌ ဇွန်...

ရန်ကုန်တိုင်း၏ ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ သစ်ပင်မျိုး(၉)မျိုးစိုက်ပျိုး

ရန်ကုန်တိုင်း၏၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်တွင်ပြုလုပ်ခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် ဇနီး၊...

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်၊ ဝန်ကြီးချုပ်စတာမာ၏ ကာကွယ်ရေးအသုံးစရိတ်အပေါ်...

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီ (John Healey) သည် ကြာသပတေးနေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ၎င်း၏ နုတ်ထွက်ရခြင်းမှာ ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ လပေါင်းများစွာ...
HomeMoviesတေလာဆွစ်ဖ်ရုပ်တုကိုစင်ကာပူမဒမ်တူး‌ဆော့ဒ်ပြတိုက်၌ပြသမည်

တေလာဆွစ်ဖ်ရုပ်တုကိုစင်ကာပူမဒမ်တူး‌ဆော့ဒ်ပြတိုက်၌ပြသမည်

စင်ကာပူ၊ ဇွန်လ ၁၃ ရက်

အမေရိကန် ပေါ့ပ်စတား တေလာဆွစ်ဖ်  ၏ ဖယောင်းရုပ်တုကို လာမည့် ဇွန်လ ၂၆ ရက် နေ့မှ စက်တင်ဘာလ ၂၇ ရက် နေ့အထိ စန်တိုဆာရှိ မဒမ်တူ‌ဆော့ဒ်စင်ကာပူ ပြတိုက်တွင် ပြသသွားမည်ဖြစ်ရာ ဆွစ်ဖ်တီးစ်များဟုခေါ်သည့် တေလာဆွစ်ဖ်၏ ပရိသတ်များ အနေဖြင့် ၎င်းနှင့်အတူ ဓာတ်ပုံတွဲရို-က်ခွင့် ရရှိတော့မည် ဖြစ်သည်။

အဆိုပါ ဖယောင်းရုပ်တုသည် သူ၏ စံချိန်တင်အောင်မြင်ခဲ့သော “Eras Tour” ဖျော်ဖြေပွဲ၏ “Lover” အပိုင်းတွင် ဝတ်ဆင်ခဲ့သည့် Versace အမှတ်တံဆိပ် ပန်းရောင်၊ အပြာရောင်နှင့် ငွေရောင် ရောယှက်နေသော ကိုယ်ကျပ်ဝတ်စုံ (Leotard) ပုံတူကို ဝတ်ဆင်ထားသည်။ ယခုရုပ်တုသည် ကမ္ဘာတစ်ဝန်းရှိ မဒမ်တူး‌ေဆာ့ဒ် ပြတိုက်များတွင် ပြသရန်အတွက် ၂၀၂၅ ခုနှစ်က တစ်ပြိုင်နက်တည်း ထုတ်လုပ်ခဲ့သော တေလာဆွစ်ဖ်၏ ဖယောင်းရုပ်တု ၁၃ ခုအနက် တစ်ခုဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မူဆယ်မြို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၉၄)ဦးဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင်အခြေပြုကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၉၄) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ယနေ့ ဇွန် ၁၃ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ နေအိမ်(၁) လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားအမျိုးသား(၁၇)ဦး၊ မြန်မာ နိုင်ငံသားအမျိုးသား(၃၄)ဦး၊ အမျိုးသမီး(၃၇)ဦးတို့ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦးတို့က်ုလည်း လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ပြီး သိမ်း ဆည်းရမိခဲ့သည့်...

မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC ပါဝင်ပြသနေသည့် (၅၇)ကြိမ်မြောက် အရှေ့အလယ်ပိုင်းနာရီနှင့် ကျောက်မျက်ရတနာပြပွဲ ယူအေအီးနိုင်ငံတွင်ပြုလုပ်

ယူအေအီးနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC ပါဝင်ပြသနေသည့် (၅၇)ကြိမ်မြောက် အရှေ့အလယ်ပိုင်းနာရီနှင့် ကျောက်မျက်ရတနာပြပွဲကို ယူအေအီးနိုင်ငံ၊ ရှာဂျားပြည်နယ်၊ ရှာဂျားပြပွဲစင်တာ၌ ဇွန် ၁၀ ရက်မှ ဇွန် ၁၄ ရက်အထိပြုလုပ်လျက်ရှိကြောင်း သိရသည်။ ပြပွဲ၏ဖွင့်ပွဲအား ဇွန် ၁၀ ရက်ကကျင်းပရာ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်ကျော်မင်းတက်ရောက်၍ ယူအေအီးနိုင်ငံမှ အစိုးရအရာရှိကြီးများ၊ ပြပွဲတာဝန်ခံများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံအမတ်ကြီးက နောင် ကျင်းပမည့်ပြပွဲများ၌ မြန်မာပြခန်းဆောင်တည်လဆောက်၍ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များဖိတ်ခေါ်ကာ မြန်မာ့ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်မျက်လက်ဝတ်ရတနာများပါဝင်ပြသနိုင်ရန်ဆွေးနွေးခဲ့ကြောင်း...

ရန်ကုန်တိုင်း၏ ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ သစ်ပင်မျိုး(၉)မျိုးစိုက်ပျိုး

ရန်ကုန်တိုင်း၏၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်တွင်ပြုလုပ်ခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် ဇနီး၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းတရားလွှတ်တော်တရားသူ ကြီးချုပ်ဒေါ်စန္ဒာသွယ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ခရေ(၁၅၀)ပင်၊ ပိတောက် (၁၅၀)ပင်၊ ကံ့ကော်(၁,၀၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ ပျဉ်းကတိုး(၁၅၀)ပင်၊ သင်္ကန်း (၅၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်နှင့် တရုတ်တယ်(၅၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071