Home Popular Academy 2017 Academy တာတေကြီးမှာ Special Make-up Effect နဲ့ ပတ်သက်ပြီး ထူးခြားတဲ့လုပ်ဆောင်မှုတွေရှိခဲ့လို့ အကယ်ဒမီကို မျှော်လင့်ခဲ့တယ်ဆိုသူ ကိုအောင်ကျော်ထွန်း

တာတေကြီးမှာ Special Make-up Effect နဲ့ ပတ်သက်ပြီး ထူးခြားတဲ့လုပ်ဆောင်မှုတွေရှိခဲ့လို့ အကယ်ဒမီကို မျှော်လင့်ခဲ့တယ်ဆိုသူ ကိုအောင်ကျော်ထွန်း

0
995

အခုနှစ်အကယ်ဒမီမှာတော့ အထူးဆုအနေနဲ့ပေးဖို့အသံတွေ ထွက်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ပေးသွား ခဲ့ခြင်းမရှိခဲ့ပါဘူး။ အထူးဆုအနေနဲ့ အသံထွက်တဲ့ အချိန်မှာတော့ Special Make-up Effect အနေနဲ့လည်း အကယ်ဒမီ များပေးမလားဆိုတဲ့ ရင်ခုန်မှုတွေလညှ်းSpecial Make-up Effect ပညာရှင်တွေကြားထဲမှာ ရှိခဲ့ပါတယ်။Special Make-up Effect ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ထွန်းကလည်း အကယ်ဒမီနဲ့ ပတ်သက်လို့ ရင်ခုန်ခဲ့ပါ တယ်။ ရင်ခုန်ခဲ့ပေမယ့် ဒီနှစ်မှာလည်း Special Make-up Effect ပညာရပ်နဲ့ပတ် သက်လို့ဆုပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီအပေါ် မှာတော့ ကိုအောင်ကျော်ထွန်းက –

”ကျွန်တော့်ကိုအကယ်ဒမီရပါစေလို့ ဆုတောင်ပေးကြတဲ့သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်။ ဒီခေါင်းစဉ်ဟာအသစ် ဖြစ်လို့ လူကြီးတွေရဲ့နားထဲ Public ရဲ့နားထဲ ရောက်သွားတယ်၊ သတိထားမိသွားတယ်ဆို တာကိုက ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့တယ် လို့ ကျေနပ်မိပါတယ်။ ၂ဝ၁၇ခုနှစ်မှာတော့ တာတေကြီးဇာတ်ကားအတွက် အလုပ် တွေလုပ်ထားပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ တော့ လရောင်ဖြာတဲ့အင်းလေးမှာလည်း အကောင်ကြီးတစ်ကောင်အဖြစ် ဖန်တီးပေး ထားပါတယ်။ ပြီးတော့အခု လက်ရှိရိုက်ကူး နေတဲ့ ရှင်ဥပဂုတ္တရုပ်ရှင်ကားကြီးမှာလည်း ကလေးမွေးတဲ့ ရွှေငါးကြီးနဲ့ Special Effect ပညာရပ်တွေနဲ့ ကြိုးစားထားပါ တယ်။ ကျွန်တော့်ဘက်ကတော့ ကြိုးစားနေ မှာပါ။ တပည့်တွေလည်း အများကြီး မွေး ထုတ်ထားပြီး ရုပ်ရှင်လောကမှာလည်း လျှောက်လှမ်းနေကြပါပြီ။ အေးနေတဲ့ရာသီ မှာ ခြုံစရာစောင်ရှိလို့ ခြုံချင်တာပါ။ ခြုံစရာ စောင်မရှိရင် ခြုံချင်ခဲ့မှာမဟုတ်ပါဘူး။ အခု လည်း အဲဒီလိုပါပဲ။ ထူးခြားတဲ့ လုပ်ဆောင်မှု တွေရှိလို့ အကယ်ဒမီကိုမျှော်မိတယ်။ ဆု တောင်းပေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီခေါင်းစဉ်ကို စိတ်ဝင်စားလာအောင်တော့ ဆက်ကြိုးစားရဦးမှာပါ” လို့ ပြောပါတယ်။

လင်းအက္ခရာ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here