တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန် သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် သတင်းဖော်ပြခဲ့သည်။
မီးရှူးမီးပန်းထုတ်လုပ်ရေးဗဟိုချက်ဖြစ်သည့် ဟူနန်ပြည်နယ်မြို့တော် ချန်ရှာတွင် တနင်္လာနေ့ညနေ ၄း၄၀ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စီစီတီဗီနှင့် ရှင်းဟွာသတင်းဌာနတို့က ဖော်ပြခဲ့သည်။
တရုတ်အင်တာနက်ပလက်ဖောင်းများတွင် တင်ခဲ့သော ဗီဒီယိုများ၌ ပြိုကျနေသော အဆောက်အအုံများနှင့် အပျ-က်အစီးများပြန့်ကျဲနေသော ကြီးမားသည့် စက်ရုံနယ်မြေမှ မီးခိုးများထူထပ်စွာထွက်ပေါ်နေသည်ကို တွေ့ရသည်။
အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမား၊ ကယ်ဆယ်ရေးသမားများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၅၀၀ နီးပါး ရောက်ရှိနေကြောင်း ဆော့သ်ချိုင်းနားမောနင်းပို့စ်က ဖော်ပြခဲ့သည်။
Huasheng မီးရှူးမီးပန်းထုတ်လုပ်ရေးနှင့် ပြသရေးကုမ္ပဏီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မီဒီယာများက ပြောကြားခဲ့သည်။
ပေါက်ကွဲမှု၏ အကြောင်းရင်းကို သတ်မှတ်ဆုံးဖြတ်ရန်နှင့် ဖြစ်ရပ်အတွက် တိကျသော တာဝန်ခံမှုရှိစေရန်အတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးရန် ရှီက တောင်းဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသည် ဒေါ်လာ ၁ ဒဿမ ၁၄ ဘီလျံဖိုးရှိ မီးရှူးမီးပန်းများ တင်ပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု၏ သုံးပုံနှစ်ပုံကျော် ပမာဏဖြစ်ကြောင်း စီးပွားရေးစောင့်ကြည့်ရေးအဖွဲ့ Observatory of Economic Complexity ၏ သတင်းအချက်အလက်များအရ သိရသည်။
Ref: စီအင်န်အေ
