Home Movies တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya တို့တွေ့ဆုံမြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အောင်မြင်စွာဆောင်ရွက်ရန်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya တို့တွေ့ဆုံမြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အောင်မြင်စွာဆောင်ရွက်ရန်ဆွေးနွေး

0
141

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးတက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya က ယနေ့ ဇူလိုင် ၁ ရက်တွင်လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာ-ထိုင်းနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကိုအောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့်အွန်လိုင်းလိမ်လည်လောင်း ကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအ စိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၃၈) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော် မတီအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ နှစ်နိုင် ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင်ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားသည့် စိတ်၊ အိမ်နီးချင်းကောင်းပီသသည့် စိတ်ဓာတ်တို့ဖြင့် ကူညီကယ်ဆယ်ရေးအဖွဲများနှင့် ထောက်ပံ့ပစ္စည်းများစေလွှတ်ပေးအပ်ခဲ့၍ ကျေးဇူး တင်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် သင်တန်းသားများအပြန်အလှန်စေလွှတ်ရေးဆိုင် ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here