Wednesday, April 8, 2026

အီဂျစ်မှာ ည ၉ နာရီ...

ဧပြီလ ၇ ရက် အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ အီရန်၏ ပိတ်ဆို့မှုအောက်တွင် ရှိနေသော...

ဗီယက်နမ်လွှတ်တော်ကဒုတိယဝန်ကြီးချုပ် (၆) ဦး ခန့်အပ်မှုကို...

ဟနွိုင်း၊ ဧပြီလ ၈ ရက် ဗီယက်နမ်နိုင်ငံ၏ (၁၆) ကြိမ်မြောက် အမျိုးသားလွှတ်တော်သည် ၂၀၂၆-၂၀၃၁ သက်တမ်းအတွက် ဒုတိယဝန်ကြီးချုပ် (၆) ဦး၊ ဝန်ကြီး...

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံ၌ ဆွမ်းတော်ဆက်ကပ်ခြင်းနှင့် မင်္ဂလာအခမ်းအနားများ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်...

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့်...
HomeMoviesတနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးဇော်နိုင်ဦးကိုခန့်အပ် တိုင်းအစိုးရအဖွဲ့သစ်အား...

တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးဇော်နိုင်ဦးကိုခန့်အပ် တိုင်းအစိုးရအဖွဲ့သစ်အား ဝန်ကြီးဌာန(၈)ခုဖြင့်ဖွဲ့စည်းမည်

တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ဦးဇော်နိုင်ဦးကို ယနေ့ ဧပြီ ၆ ရက်နံနက်ပိုင်းကကျင်းပသည့် တ တိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တိုင်းလွှတ်တော်ကအတည်ပြုခဲ့ပြီး တိုင်းအစိုးရအဖွဲ့သစ်ကိုလည်း ဝန်ကြီးဌာန(၈)ခုဖြင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဇော်နိုင်ဦးအား တိုင်းဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတမှ အမည်စာရင်းပေးပို့ခဲ့ခြင်းဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က သဘောတူညီအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၄၈၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁)အရ တိုင်းအစိုးရအဖွဲ့သစ်ကိုလည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန(၈)ခုဖြင့်ဖွဲ့စည်းရန်လည်းအတည်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဌာန(၈)ခုတွင် တာဝန်ထမ်းဆောင်မည့် ဝန်ကြီး(၈)ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်အပါအဝင် တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီး(၃)ဦးတို့ကိုလည်း အတည်ပြုပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီဂျစ်မှာ ည ၉ နာရီ ဆိုင်ပိတ်ခြင်းဖြင့် လောင်စာဆီသုံးစွဲမှုလျှော့ချ

ဧပြီလ ၇ ရက် အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ အီရန်၏ ပိတ်ဆို့မှုအောက်တွင် ရှိနေသော ဟော်မုဇ်ရေလက်ကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသည့် သင်္ဘောပေါင်းထောင်ချီ၍ သောင်တင်နေသည်။ စနေနေ့တွင် အီဂျစ်အစိုးရက ၎င်းတို့သည် လောင်စာဆီချွေတာရန် အစီအမံများကို အကောင်အထည်ဖော်ခြင်းနှင့် အဆိုပါအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် "အကောင်းဆုံးစွမ်းဆောင်နိုင်သည့်" နိုင်ငံများထဲ၌ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲ သည် ရက်သတ္တ ခြောက်ပါတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင်...

ဗီယက်နမ်လွှတ်တော်ကဒုတိယဝန်ကြီးချုပ် (၆) ဦး ခန့်အပ်မှုကို အတည်ပြု

ဟနွိုင်း၊ ဧပြီလ ၈ ရက် ဗီယက်နမ်နိုင်ငံ၏ (၁၆) ကြိမ်မြောက် အမျိုးသားလွှတ်တော်သည် ၂၀၂၆-၂၀၃၁ သက်တမ်းအတွက် ဒုတိယဝန်ကြီးချုပ် (၆) ဦး၊ ဝန်ကြီး (၁၇) ဦးနှင့် အခြားအစိုးရအဖွဲ့ဝင်များ ခန့်အပ်မှုကို အတည်ပြုသည့် ဆုံးဖြတ်ချက်များကို ဗုဒ္ဓဟူးနေ့တွင် ချမှတ်ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။ ခန့်အပ်ခံရသော ဒုတိယဝန်ကြီးချုပ် (၆) ဦးမှာ Pham Gia Tuc၊ Phan Van Giang၊ Pham Thi Thanh Tra၊ Ho Quoc Dung၊...

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံ၌ ဆွမ်းတော်ဆက်ကပ်ခြင်းနှင့် မင်္ဂလာအခမ်းအနားများ ပြုလုပ်မည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ အခမ်းအနားကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည်ဖြစ်ပြီး မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။ ထို့နောက် မနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား အရုဏ်ဆွမ်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071