Tuesday, February 3, 2026

ကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယကိုယူအက်စ်ကအခွန်လျှော့ချ

အမေရိကနှင့် အိန္ဒိယတို့သည် ကုန်သွယ်မှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကသည် အိန္ဒိယအပေါ် ၎င်း၏ အပြန်အလှန်အကောက်ခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချမည်ဟု...

နေ့စဉ်အင်ဆူလင်မထိုးရရန် “သရက်ရွက်အတု” ကို တီထွင်ခဲ့ကြ

အစ္စရေးနှင့် အမေရိကန်ရှိ သုတေသီများသည် ဆီးချိုရောဂါရှိသူ သန်းပေါင်းများစွာအတွက် နေ့စဉ်အင်ဆူလင်ထိုးရန် မလို‌တော့ စေမည့်ပန်ကရိယအတုကို တီထွင် လိုက်ပြီဖြစ်သည်။ တက်ခ်နီယွန် ဟုလူသိများသော အစ္စရေး နည်းပညာတက္ကသိုလ်...

ယွမ်ကိုကမ္ဘာ့အရံငွေကြေးဖြစ်လာစေရန် ရှီကျင့်ဖျင်တိုက်တွန်းနှိုးဆော်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကို စိန်ခေါ်ရန်အတွက် ယွမ်ငွေကို ဒုတိယမြောက် အဓိကကမ္ဘာ့အရံငွေကြေးအဖြစ် ဖော်ဆောင်လိုသော ၎င်း၏ရည်မှန်းချက်ကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယွမ်ငွေတန်ဖိုး...

ထိုင်းဒူးရင်းဈေးကွက် အလုပ်သမားရှားပါးမှုကြုံ

ထိုင်းဒူးရင်းသီးတင်ပို့မှုသည် ခူးဆွတ်ချိန်ကာလအတွင်း အလုပ်သမားရှားပါးမှုနှင့် သိုလှောင်ရာနေရာများ မရှိခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဒူးရင်းသီးထွက်ရှိမှုသည် ယခုနှစ်တွင် တန်ချိန် ၁ ဒဿမ ၇၈ သန်းအထိ...
HomeEntertainmentဆပ်ကပ်၊ မျက်လှည့် ပညာရှင်ကြီးများရဲ့...

ဆပ်ကပ်၊ မျက်လှည့် ပညာရှင်ကြီးများရဲ့ စည်းလုံး ညီညွတ်မှုကို မြင်တွေ့ရမယ့် ပထမအကြိမ် ဆပ်ကပ် မျက်လှည့်ပညာရှင်ကြီးများ ပူဇော်ပွဲ

 

မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေး ကော်မတီ ပထမအကြိမ် ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီမှာ ကျိုက္ကဆံ စေတီတော် ၊ ဓမ္မဗိမာန်ခန်းမ ၊ သင်္ဃန်းကျွန်းမြို့နယ် မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲမှာ မြန်မာ နိုင်ငံအနှံ့မှ အသက် ၆ဝ ပြည့်နှစ်အထက် ဆက်ကပ်မျက်လှည့် ကန်တော့ခံသက်ကြီး ပညာရှင် ဦးရေ ၂ဝ ကျော်ကို ပူဇော်ကန်တော့ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေး ကော်မတီ ပထမအကြိမ် ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီမှာ ကျိုက္ကဆံ စေတီတော် ၊ ဓမ္မဗိမာန်ခန်းမ ၊ သင်္ဃန်းကျွန်းမြို့နယ် မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲမှာ မြန်မာ နိုင်ငံအနှံ့မှ အသက် ၆ဝ ပြည့်နှစ်အထက် ဆက်ကပ်မျက်လှည့် ကန်တော့ခံသက်ကြီး ပညာရှင် ဦးရေ ၂ဝ ကျော်ကို ပူဇော်ကန်တော့ကြမှာဖြစ်ပါတယ်။

“ဆပ်ကပ်လောကကနေ အနားယူပြီးတော့ အပြင်ရောက်ရှိနေကြတဲ့ပညာရှင်ကြီး တွေပါသလို  လက်ရှိလည်း ဒီလောကထဲမှာ လှုပ်ရှားနေတဲ့ ပညာရှင်ကြီးတွေလည်း ပါပါတယ်။ ပြီးတော့မျက်လှည့်ပညာရှင်ကြီးတွေလည်း ပါတယ်။ ဒီပွဲကို မျက်လှည့် ဆပ်ကပ်ပညာရှင်တွေမှ မဟုတ်ပါဘူး။ ဝါသနာရှင်တွေရော အကုန်လုံးတက်ရောက်လို့ရ ပါတယ်။ အားလုံး တက်ရောက်ဂါရဝပြုလို့ရအောင် ပွဲနားတဲ့ရက်ကိုလုပ်တာပါ။ ၁ဝ တန်းစာမေးပွဲဖြေဆိုနေတဲ့ ကာလဆိုတော့ နားကြတယ်လေ” လို့ မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်း သိမ်းမြှင့်တင်ပြန့်ပွားရေးကော်မတီမှ မျက်လှည့်ပညာရှင် စက္ကောမက ပြောပါတယ်။

ဆပ်ကပ်မျက်လှည့် အဖွဲ့များ အားလုံးစုပေါင်းပြီး ပြုလုပ်မယ့် အခုပွဲကတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်ကာလတွေတုန်းကတော့ ကိုယ့်အဖွဲ့အတွင်းက ပညာရှင်ကြီးတွေကိုသာ ကန်တော့ခဲ့ကြလေ့ရှိတယ်လို့ သိရပါတယ်။  “ဒီပူဇော်ကန်တော့ပွဲက မြန်မာ တစ်နိုင်ငံလုံးက ဆပ်ကပ်မျက်လှည့် ပညာရှင် တွေကို ကန်တော့တာပါ။ ကျန်းမာရေးကြောင့် ပူဇော်ပွဲကို မတက်ရောက်နိုင်တဲ့ ပညာ ရှင်ကြီးတွေကိုလည်း ကန်တော့ငွေပေးပို့သွားမှာပါ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ပူဇော်ကန်တော့တာပါ။ ကျွန်တော်တို့အနေနဲ့လည်းပီတိအများကြီး ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကတော့ တစ်ယောက်ချင်းစီ သွားကန်တော့ ခဲ့ကြတာလေ။ စုစုစည်းစည်းမရှိကြဘူးပေါ့လေ။ အခုကျတော့ ဒီပူဇော်ပွဲကိုလုပ်နိုင်ဖို့ အများကြီးလည်း ကြိုတင်ပြင်ဆင်ရပါတယ်။ ရန်ပုံငွေတွေရအောင်လည်း ပွဲတွေ လုပ်ပြီး အပင်ပန်းခံကာ ရှာဖွေကြရပါတယ်။ ရန်ပုံငွေတွေရှိမှလည်း ဒါကလုပ် လို့ရမှာကိုး။ အခုကျတော့ ရန်ပုံငွေလည်း တောင့်တောင့်တင်းတင်းနဲ့ ကန်တော့နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်သွားတဲ့အတွက်  ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ မရှိရင်တောင်မှ နောက်ပိုင်းမှာ ဒါက အစဉ်အလာတစ်ခုလို ဖြစ်သွားမယ်လေ” လို့ မျက်လှည့်ပညာရှင်စက္ကောမက ပြောပါတယ်။ ကန်တော့ခံ သက်ကြီးပညာရှင် တစ်ဦး လျှင် ကျပ်၂ သိန်းစီ ကန်တော့ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယကိုယူအက်စ်ကအခွန်လျှော့ချ

အမေရိကနှင့် အိန္ဒိယတို့သည် ကုန်သွယ်မှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကသည် အိန္ဒိယအပေါ် ၎င်း၏ အပြန်အလှန်အကောက်ခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ကြေညာခဲ့သည်။ "ဝန်ကြီးချုပ်မိုဒီကို ချစ်ကြည်လေးစားမှုနဲ့ သူ့ရဲ့တောင်းဆိုချက်အရ ချက်ချင်းအကျိုးသက်‌ေရာက်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို ကျွန်တော်တို့ ချက်ချင်းသဘောတူခဲ့ တဲ့အတွက် အမေရိက က အပြန်အလှန်အခွန်နှုန်းထားကို ၂၅% ကနေ ၁၈% လျှော့ချပြီး အမေရိကန်ပြည်ထောင်စုအပေါ် သူတို့ရဲ့အကောက်ခွန်နဲ့ စည်းကြပ်ခွန်မဟုတ်တဲ့ အတားအဆီးတွေကို လျှော့ချဖို့ ဆက်လုပ်သွားမှာပါ" ဟု ထရမ့်ပ်...

နေ့စဉ်အင်ဆူလင်မထိုးရရန် “သရက်ရွက်အတု” ကို တီထွင်ခဲ့ကြ

အစ္စရေးနှင့် အမေရိကန်ရှိ သုတေသီများသည် ဆီးချိုရောဂါရှိသူ သန်းပေါင်းများစွာအတွက် နေ့စဉ်အင်ဆူလင်ထိုးရန် မလို‌တော့ စေမည့်ပန်ကရိယအတုကို တီထွင် လိုက်ပြီဖြစ်သည်။ တက်ခ်နီယွန် ဟုလူသိများသော အစ္စရေး နည်းပညာတက္ကသိုလ် သည် သိပ္ပံမှ ဆေးပညာဂျာနယ် သူတို့၏ လေ့လာမှု ကို ဖေါ်ပြပြီးနောက် သရက်ရွက် အတုထုတ်လုပ်မှုကို တနင်္လာနေ့တွင်ကြေငြာခဲ့သည်။ ဆဲလ်အခြေပြုစနစ်သည် ဆေးဝါးက ထုတ်လုပ်ပေးသော စနစ် ကဲ့သို့ လုပ်ဆောင်ပါသည်။ ၎င်းသည် သွေးတွင်းသကြားဓာတ်ပမာဏကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော အင်ဆူလင်ပမာဏအတိအကျကို အလိုအလျောက်ထုတ်ပေးပါသည်။ လက်ရှိနည်းပညာနှင့်မတူဘဲ သရက်ရွက်အတုသည် ပြင်ပပန့်များ...

ယွမ်ကိုကမ္ဘာ့အရံငွေကြေးဖြစ်လာစေရန် ရှီကျင့်ဖျင်တိုက်တွန်းနှိုးဆော်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကို စိန်ခေါ်ရန်အတွက် ယွမ်ငွေကို ဒုတိယမြောက် အဓိကကမ္ဘာ့အရံငွေကြေးအဖြစ် ဖော်ဆောင်လိုသော ၎င်း၏ရည်မှန်းချက်ကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယွမ်ငွေတန်ဖိုး ဆက်လက်အားကောင်းနေ‌ရေးကို အဓိကအာရုံစိုက်လာခဲ့သည်။ ရှီကျင့်ဖျင်၏ “အားကောင်းလာမည့် ယွမ်ငွေ” အစီအစဉ်အရ ဒေါ်လာနှင့်လဲလှယ်ရာတွင် ယွမ်ငွေလဲလှယ်နှုန်းသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ၁ ဒေါ်လာလျှင် ၇ ယွမ်အောက်သို့ ကျဆင်းသွားပြီးနောက် ဆက်လက်ကျဆင်းနေခဲ့သည်။ တရုတ်နိုင်ငံသည် တရုတ်ပြည်သူ့ဘဏ်မှ နေ့စဉ် ထုတ်ပြန်ပေးသော ရည်ညွှန်းငွေလဲလှယ်နှုန်း၏ အတက်အကျကို ၂ ရာခိုင်နှုန်းအထိ ခွင့်ပြုထားသည်။ ပြီးခဲ့သည့်လ ၃၁ ရက်နေ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071