Monday, May 4, 2026

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌...

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...
HomeMoviesစင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက်

စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ “မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်” ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏ ရှေ့မှောက်၌ စင်ကာပူ စွမ်းအင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး တန်စီလင် နှင့် နူးဇီလန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး တော့ဒ် မက်ကလေ တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

နှစ်နိုင်ငံအစိုးရများအနေဖြင့် သဘောတူညီထားသည့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအပေါ် မလိုအပ်ဘဲ ပြည်ပသို့ တင်ပို့မှုကန့်သတ်ချက်များကြိ မပြုလုပ်ရန် ကတိပြုခဲ့ကြကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန က ပြောကြားခဲ့သည်။

ဤသဘောတူညီချက်သည် နှစ်ဖက်စလုံးရှိ ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ကို ချမှတ်ပြီးနောက် စတင် အကျိုးသက်ရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား လက်ရှိ ရှိနှင့်ပြီးသား အပြန်အလှန် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် တွင် ထည့်သွင်းသွားမည်ဖြစ်သည်။

ထို့ပြင် ယင်းသဘောတူညီချက်သည် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ မဖြစ်ပွားမီ သို့မဟုတ် ဖြစ်ပွားနေစဉ်အတွင်း နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်၊ သတင်းအချက်အလက် မျှဝေရန်နှင့် အပြန်အလှန် ဆွေးနွေးတိုင်ပင်ရန်အတွက် မူဘောင်တစ်ခုကို ချမှတ်ပေးထားသဖြင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် ပိုမိုကြီးမားသော ယုံကြည်မှုနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာ က ဆိုသည်။

ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်းက ဤပဋိညာဉ်သည် ဖိအားများရှိနေသည့်တိုင် ယုံကြည်ရသော မိတ်ဖက်အချင်းချင်း သစ္စာရှိရှိ ဆက်လက်ရပ်တည်သွားမည်ဟူသော ရှင်းလင်းသည့် အချက်ပြမှုကို ပေးပို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ အကျပ်အတည်းတွေ ဒါမှမဟုတ် ကုန်ပစ္စည်းပြတ်လပ်မှုတွေ ကြုံရတဲ့အချိန်မှာတောင် ကျွန်တော်တို့အနေနဲ့ အစားအစာ၊ စက်သုံးဆီနဲ့ တခြားအရေးကြီးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်စည်စီးဆင်းမှုကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး တံခါးပိတ်သွားမှာ မဟုတ်ပါဘူး။ အဲဒီအစား ကုန်သွယ်မှု က ဆက်လက်လည်ပတ်နိုင်ဖို့ တက်ကြွစွာ အတူတကွ လုပ်ဆောင်သွားမှာပါ” ဟု မစ္စတာ ဝေါင်းက ဆိုသည်။
“ဒါဟာ အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခက်ခဲတဲ့အချိန်တွေမှာ နိုင်ငံတိုင်းဟာ ကိုယ့်အရေးကိုပဲ ကိုယ်ကြည့်ဖို့ စိတ်အားထက်သန်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာရင် ထောက်ပံ့ရေးကွင်းဆက်တွေ ပြိုလဲသွားပြီး အားလုံးပဲ ပိုပြီးဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ရပါလိမ့်မယ်” ဟု ဆိုသည်။

ယခုသဘောတူညီချက်သည် စျေးကွက်များကို ဆက်လက်ဖွင့်လှစ်ထားရန်၊ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို ဆက်လက်ကုန်သွယ်ရန်နှင့် အရေးအကြီးဆုံးအချိန်များတွင် တစ်ဦးကိုတစ်ဦး ပံ့ပိုးကူညီရန်ဟူသော နှစ်နိုင်ငံစလုံး၏ ကတိကဝတ်ကို ပြသနေခြင်းဖြစ်ကြောင်း မစ္စတာ ဝေါင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

နူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာ လပ်ဆင်ကလည်း သတင်းစာရှင်းလင်းပွဲတွင် နှစ်နိုင်ငံစလုံးအနေဖြင့် စီးပွားရေးတိုးတက်မှုကို အဓိကထားသည့် အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်နေစဉ်အတွင်း မရှိမဖြစ်လိုအပ်သော ချိတ်ဆက်မှုများကို ဆက်လက်ဖွင့်လှစ်ထားခြင်းဖြင့် ၎င်းတို့၏ ခံနိုင်ရည်ရှိမှုကို အားကောင်း ခိုင်မာ စေရန် လက်တွေ့ကျသော ဆောင်ရွက်ချက်များ ကို လုပ်‌ေဆာင်နေခြင်းသည် စိတ်အေးရစရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

နူးဇီလန်နိုင်ငံ၏ စက်သုံးဆီ သုံးပုံတစ်ပုံခန့်မှာ စင်ကာပူတွင် သန့်စင်ထုတ်လုပ်ခြင်းဖြစ်သောကြောင့် စင်ကာပူတွင် ဖြစ်ပျက်သမျှသည် နူးဇီလန်၏ စီးပွားရေး ပြန်လည် ရုန်းထနိုင်စွမ်းနှင့် စွမ်းအင်လုံခြုံရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိကြောင်း မစ္စတာလပ်ဆင်က ဆိုသည်။

တစ်ချိန်တည်းမှာပင် နူးဇီလန်သည်လည်း စင်ကာပူနိုင်ငံအတွက် အစားအစာနှင့် အခြားမရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို ယုံကြည်စိတ်ချစွာ ပံ့ပိုးပေးနေသည့် နိုင်ငံဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံမှ နူးဇီလန်သို့ ပေးပို့သည့် ဒီဇယ်ဆီသည် နူးဇီလန်၏ အစားအစာများကို ဒေသတွင်းသို့ ပို့ဆောင်ပေးနေသည့် စိုက်ပျိုးရေးနှင့် ကုန်စည်ပို့ဆောင်ရေးစနစ်များအတွက် အဓိကမောင်းနှင်အား ဖြစ်ကြောင်း မစ္စတာလပ်ဆင်က ပြောကြားခဲ့သည်။

Ref စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071