တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီးကြောင်း၊ မကြာသေးခင်က ငလျင်လှုပ်ခဲ့ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။
အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီး သုံးပတ်အကြာတွင် တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်တစ်ဦးက ရှားရှားပါးပါး ဆွေးနွေးပြောဆိုမှုဖြစ်သည်။
“ယာယီဆေးရုံ ဖြန့်ကျက်ချထားရေး အပါအဝင် ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု အန်ဝါ က X ပေါ်တင်ခဲ့သော ပို့စ်တွင် ပြောဆိုခဲ့ပြီး မြန်မာအစိုးရက အကျဉ်းသားထောင်ပေါင်းများစွာကို မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းကို ကြိုဆိုကြောင်းကိုလည်း ရေးသားခဲ့သည်။ “ဒီလိုဆောင်ရွက်ချက်တွေက အဓိပ္ပာယ်ရှိတဲ့ အချက်ပြမှုပါ” ဟု သူက ပြောသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော်ကို ထိခိုက်မှုဖြစ်စေခဲ့သည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတို့က ပြောဆိုထားသည်။
Ref: ဘန်ကောက်ပို့စ်