Home Movies ဂျာမနီတွင် ကုန်တင်ရထားနှစ်စင်းတိုက်မိ၊ တံတားပေါ်မှ ရထားတွဲများပြုတ်ကျပြီး လူတစ်ဦးသေဆုံး

ဂျာမနီတွင် ကုန်တင်ရထားနှစ်စင်းတိုက်မိ၊ တံတားပေါ်မှ ရထားတွဲများပြုတ်ကျပြီး လူတစ်ဦးသေဆုံး

0
82

ဂျာမနီနိုင်ငံ မြူးနစ်မြို့အနီးရှိ တံတားတစ်စင်းပေါ်တွင် ကုန်တင်ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ရထားတွဲအချို့မှာ တံတားအောက်ရှိ လမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားတစ်စင်း၏ ကုန်တွဲနှစ်တွဲမှာ တံတားပေါ်မှ အောက်ဘက်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။

ရထားနှစ်စင်း တိုက်မိရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း အတိအကျအခြေအနေများကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ရထားများတွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းအမျိုးအစားကို မသိရသေးသော်လည်း အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများ မပါဝင်ကြောင်းနှင့် အများပြည်သူအတွက် လက်ရှိတွင် အန္တရာယ်မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“ရထားနှစ်စင်းတိုက်မိပြီး တံတားပေါ်ကနေ ရထားတွဲတွေ ပြုတ်ကျသွားတာ မယုံနိုင်စရာဖြစ်ရပ်တစ်ခုပါ” ဟု အခင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိတွင် ရထားတွဲများ ပြန်လည်ဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အဆိုပါနေရာကို မည်သည့်အချိန်အထိ ပိတ်ထားမည်ကို မသိရသေးကြောင်း သိရသည်။

ရထားပြေးဆွဲရေးကုမ္ပဏီ Deutsche Bahn ကမူ မတော်တဆမှုဖြစ်ပွားခဲ့သည့် လမ်းပိုင်းသည် ကုန်တင်ရထားများသာ အသုံးပြုသည့် လမ်းကြောင်းဖြစ်သဖြင့် ဒေသတွင်းနှင့် အဝေးပြေးခရီးသည်တင်ရထားဝန်ဆောင်မှုများအပေါ် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

Ref: Yahoo News

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here