Thursday, April 9, 2026

မဒါဂတ်စကာတွင်၁၅ရက်ကြာစွမ်းအင်အရေးပေါ်အခြေအနေကြေညာ

အန်တာနာနာရီဗို၊ ဧပြီလ ၈ ရက် မဒါဂတ်စကာအစိုးရသည် နိုင်ငံအတွင်း ကြုံတွေ့နေရသော ကြီးမားသည့် စွမ်းအင်ထောက်ပံ့ ဖြည့်တင်းမှု အကျပ်အတည်းကို ဖြေရှင်းရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၅...

တရုတ်နှင့်စီးပွားကုန်သွယ်ဆက်ဆံရေးထရမ့်ပ်ဆက်လက်ထိန်းသိမ်းမည်

တရုတ်နှင့် အမေရိက၏ စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးသည် တည်ငြိမ်နေပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ် သည် မေလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့်...

တပ်မတော်အနေဖြင့် ပြည်သူများအပေါ် အလုပ်အကျွေးပြုရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို...

တပ်မတော်အနေဖြင့် ပြည်သူများအပေါ် အလုပ်အကျွေးပြုရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတမှ ယနေ့ ဧပြီ ၈...

မလေးရှားဝန်ကြီး‌ဟောင်း၏သားများကို အဂတိဖြင့် ဖမ်းဝရမ်းထုတ်

ဧပြီလ ၈ ရက် မလေးရှားနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဒိုင်မ် ဇိုင်နူဒ်ဒင် ၏ သားနှစ်ဦးသည် ၎င်းတို့မိသားစု၏ ကြွယ်ဝချမ်းသာမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ထပ်ခါတလဲလဲ...
HomeMoviesဂျပန်၌ခိုလှုံခွင့်တောင်းသူများ အထိတ်တလန့် ဖြစ်နေကြ

ဂျပန်၌ခိုလှုံခွင့်တောင်းသူများ အထိတ်တလန့် ဖြစ်နေကြ

ဧပြီလ ၈ ရက်

ဂျပန်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော ပြည်နှင်ဒ_ဏ်ပေးသည့် လုပ်ဆောင်ချက်များသည် ခိုလှုံခွင့်တောင်းခံသူများနှင့် ရေရှည်နေထိုင်သည့် နိုင်ငံခြားသားများအကြား စိုးရိမ်ကြောက်ရွံ့မှုများကို ပိုမိုနက်ရှိုင်းစေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ရှားရန် အစိုးရ၏ တွန်းအားပေးမှုမှာ ဒုက္ခသည်များကို အကာအကွယ်ပေးရန် အစိုးရ၏ တာဝန်ဝတ္တရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သတိပေးခဲ့ကြသည်။

တရားဝင်ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ နိုင်ငံခြားသား ၃၁၈ ဦးကို အစောင့်အရှောက်များဖြင့် အတင်းအဓမ္မ ပြည်နှင်ဒ_ဏ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းသည် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး အာဏာပိုင်များအနေဖြင့် အထောက်အထားမဲ့ နိုင်ငံခြားသားအရေအတွက်ကို လျှော့ချရန်နှင့် ဖယ်ရှားမှုများကို အရှိန်မြှင့်ရန် ပြီးခဲ့သည့် မေလက စတင်ခဲ့သည့် “တရားမဝင်နိုင်ငံခြားသား လုံးဝမရှိစေရေးစီမံချက်” ကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

စုစုပေါင်း ပြည်နှင်ဒ_ဏ်ပေးခံရသူများအနက် ၅၂ ဦးမှာ ဂျပန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် သုံးကြိမ်နှင့်အထက် လျှောက်ထားခဲ့သူများ ဖြစ်ကြသည်။ အဆိုပါစီမံချက်သည် ဒုက္ခသည်လျှောက်ထားချက် အကြိမ်ကြိမ် ပယ်ချခံရသူများကို ဖယ်ရှားရန် အထူးအလေးပေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဤစီမံချက်သည် ဝန်ကြီးချုပ် ဆနားအဲ တာကာအိချိ ၏ ကွန်ဆာဗေးတစ်အစိုးရက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ကျင့်သုံးသည့် ပိုမိုတင်းကျပ်သော မူဝါဒကို ထင်ဟပ်စေရုံသာမက ဂျပန်လူ့အဖွဲ့အစည်း၏ အချို့သော အစိတ်အပိုင်းများတွင် နိုင်ငံအတွင်း လာရောက်အခြေချလိုသူများနှင့် ခရီးသွားအရေအတွက် တိုးပွားလာမှုအပေါ် စိုးရိမ်မကင်းဖြစ်မှုကိုလည်း ပြသနေသည်။

သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ယခုကဲ့သို့ အရှိန်မြှင့်ဆောင်ရွက်နေသော ပြည်နှင်ဒ_ဏ်ပေးမှုများသည် ဂျပန်နိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သူများ အနေဖြင့် နေရပ်သို့ ပြန်ပို့ခံရပါက ၎င်းတို့၏ အသက်အန္တရာယ်အတွက် အမှန်တကယ် စိုးရိမ်နေရသူများအပါအဝင် နိုင်ငံခြားသားများအကြား ထိတ်လန့်တုန်လှုပ်မှုများကို ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဒါဂတ်စကာတွင်၁၅ရက်ကြာစွမ်းအင်အရေးပေါ်အခြေအနေကြေညာ

အန်တာနာနာရီဗို၊ ဧပြီလ ၈ ရက် မဒါဂတ်စကာအစိုးရသည် နိုင်ငံအတွင်း ကြုံတွေ့နေရသော ကြီးမားသည့် စွမ်းအင်ထောက်ပံ့ ဖြည့်တင်းမှု အကျပ်အတည်းကို ဖြေရှင်းရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၅ ရက်ကြာ စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေကို အင်္ဂါနေ့တွင် ကြေညာလိုက်ကြောင်း သိရသည်။ သမ္မတရုံး၏သတင်း ထုတ်ပြန်ချက်အရ ယခုအခြေအနေသည် အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ဆက်တွဲရလဒ်များကြောင့် ဖြစ်ပြီး ၎င်းက မဒါဂတ်စကာနိုင်ငံ၏ စွမ်းအင်ထောက်ပံ့ ဖြည့်တင်းမှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ယခုအရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် စွမ်းအင်ပြန်လည်ရရှိစေရန်၊ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန်နှင့်...

တရုတ်နှင့်စီးပွားကုန်သွယ်ဆက်ဆံရေးထရမ့်ပ်ဆက်လက်ထိန်းသိမ်းမည်

တရုတ်နှင့် အမေရိက၏ စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးသည် တည်ငြိမ်နေပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ် သည် မေလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံရာတွင် ယင်း အခြေအနေအတိုင်း ဆက်လက် ထားရှိရန် ရည်ရွယ်ထားကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျမ်မီဆန်ဂရီးယား  က ဧပြီလ ၇ ရက် နေ့တွင် ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့ လုပ်နေတာက ကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ဖို့ မဟုတ်ပါဘူး။   အဲဒါမျိုးတွေ လုပ်ဖို့မဟုတ်ပါဘူး" ဟု Hudson Institute...

တပ်မတော်အနေဖြင့် ပြည်သူများအပေါ် အလုပ်အကျွေးပြုရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတတိုက်တွန်း

တပ်မတော်အနေဖြင့် ပြည်သူများအပေါ် အလုပ်အကျွေးပြုရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတမှ ယနေ့ ဧပြီ ၈ ရက်က တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ-ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အနာဂတ်ကာလတွင် နိုင်ငံ့အတွက်အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးကို ထိထိရောက်ရောက်သယ်ပိုးဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ "ပြည်သူသာအမိ ပြည်သူသာအဖ"ဟူသည့် ခံယူချက်နှင့် ပြည်သူများအပေါ်အလုပ်အကျွေးပြုကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။ ထို့ပြင် နိုင်ငံတော်အတွက်အရေးကြုံလာတိုင်း၌ တပ်မ တော်အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071