Thursday, July 23, 2026

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့...

ဆာနာ၊ ဇူလိုင် ၂၂ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ယီမင်အခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ကြေညာထားသည့် ရေတပ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နှင့်...

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ အစိုးရရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်...

နေပြည်တော်၊ ဇူလိုင် ၂၃ လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။ ကျောင်းကုန်းမဲဆန္ဒနယ်မှ...

တရုတ်နိုင်ငံ ရွှေလီမြို့၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမဆုံးကျင်းပ၊...

နေပြည်တော်၊ ဇူလိုင် ၂၃ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်က စတင်ကျင်းပခဲ့ရာ ယင်းသည် မြန်မာနိုင်ငံပြင်ပတွင်...

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်း၌ပြဋ္ဌာန်းထားချက်များကိုလေးစားလိုက်နာသင့်ဟု MOFA သတိပေး  အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည်...

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ကျင်းပခဲ့သော အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ခဲ့သောအာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာ...
HomeMoviesခရီးသွားကျွန်းများတွင် ဆိုလာစနစ် ပိုမိုအသုံးပြုရန်...

ခရီးသွားကျွန်းများတွင် ဆိုလာစနစ် ပိုမိုအသုံးပြုရန် တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ယနေ့ ဇူ လိုင် ၂၃ ရက်တွင် ကော့သောင်းမြို့၌ ကော့သောင်းမြို့ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံခ ရီးသွားလုပ်ငန်းဆိုင်ရာ လူမှုစီးပွားကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ခရီးသွားကျွန်းများတွင် Solar စနစ်ပိုမိုအသုံးပြုရန်၊ Plastic-Free Islands၊ သန္တာကျောက်တန်းထိန်းသိမ်းရန်၊ စနစ်တကျစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးကို တိတိကျ ကျလိုက်နာဆောင်ရွက်ရန် Mass Tourism ထက် Eco- Tourism နှင့် High-Value Tourism ကိုအလေးထားဖော်ဆောင်ရန်တိုက်တွန်းပြောကြားသည်။

နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာခရီးသည်များပိုမိုဝင်ရောက်လာနိုင်ရေး ဗီဇာလုပ်ထုံးလုပ်နည်းများနှင့် ညအိပ်ရပ်နားခွင့်ဗီဇာသက်တမ်းတိုးမြှင့်နိုင်ရေးကို သက် ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားသည်။

” ကော့သောင်းလေဆိပ်အဆင့်မြှင့်တင်ရေး၊ ခရီးသည်တင်သင်္ဘောဆိပ်ကမ်းတွေ စနစ်တကျဖွံ့ဖြိုးရေးနဲ့ လျှပ် စစ်မီးရရှိရေးတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်”ဟု တိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ကော့သောင်းမြို့သည် သဘာဝရေမြေတောတောင်အ လှအပများ၊ ရေပေါ်ရေအောက်သဘာဝသယံဇာတများဖြင့်ပြည့်စုံကာ ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဗျူဟာမြောက်တံခါးပေါက်ဖြစ်၍ Border Tourism ဖွံ့ဖြိုးတိုးတက်ရန်အလွန်အလားအလာကောင်းသည့်မြို့ဖြစ်ရာ ဒေသခံများအတွက် စီးပွားရေးအခွင့်အလမ်းများဖန်တီးပေးနိုင်ရန်၊ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းစနစ်တည်ဆောက်ရန် ဝိုင်းဝန်းဆောင်ရွက်ရမည်ဟု ပြောကြားသည်။

ထို့ပြင် Community-Based Tourism (CBT)တိုးချဲ့ရေး၊ ဆလုံတိုင်းရင်းသားကျေးရွာများနှင့် ရေလုပ်ငန်းအခြေပြုကျေးရွာများတွင် ဒေသခံများကိုဧည့်လမ်း ညွှန်လုပ်ငန်း၊ ရိုးရာလက်မှုထုတ်ကုန်ရောင်းချရေးနှင့် ဒေသထွက်အစားအစာများဖြင့် ဧည့်ခံနိုင်ရေးဆိုင်ရာ သင်တန်းများနှင့် အထောက်အပံ့များကိုလည်း ပိုမိုဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသဆိုင်ရာခရီးသွားလုပ် ငန်းကော်မတီအဖွဲ့ဝင် ဦးဗညားသိုင်းမွန်က ခရီးစဉ်ဒေ သအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ စု ပေါင်းလှူဒါန်းသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း (၂၀၀)ကို တိုင်းဝန်ကြီးချုပ်ထံပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ ထုတ်ပြန်အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုမြင့်တက်

ဆာနာ၊ ဇူလိုင် ၂၂ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ယီမင်အခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ကြေညာထားသည့် ရေတပ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ ဟူသီအဖွဲ့က တိုက်ခိုက်ခံရသည့် သင်္ဘောများမှာ Encelia နှင့် Layla ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနကမူ အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ Encelia သင်္ဘောတွင် လက်နက်ထိမှန်ကာ သင်္ဘောဦးပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ Layla သင်္ဘော တိုက်ခိုက်ခံရမှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ဟူသီအဖွဲ့သည်...

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ အစိုးရရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် လျှော့ချမည်

နေပြည်တော်၊ ဇူလိုင် ၂၃ လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် မေးခွန်းကို ဇူလိုင် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ဖြေကြားရာ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၌ အလယ်ပေါင်းလောင်း၊ ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဌေးနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများကို ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်...

တရုတ်နိုင်ငံ ရွှေလီမြို့၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမဆုံးကျင်းပ၊ ယွမ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူရောင်းချ

နေပြည်တော်၊ ဇူလိုင် ၂၃ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်က စတင်ကျင်းပခဲ့ရာ ယင်းသည် မြန်မာနိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ် ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲကို ယူနန်ပြည်နယ်ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ပြပွဲအတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချကာ တရုတ်ယွမ်ငွေဖြင့် ငွေပေးချေနိုင်သည့်စနစ် ကို ပထမဆုံးအသုံးပြုထားကြောင်း သိရသည်။ ယင်းစနစ်ကြောင့် ကျောက်မျက်ရတနာကုန်သည်များအနေဖြင့် တရုတ်နိုင်ငံအတွင်း၌ပင် ယွမ်ငွေဖြင့် ကျောက်စိမ်းအတွဲများ ဝယ်ယူနိုင်သဖြင့် အရင်းအနှီးကုန်ကျစရိတ် လျော့နည်းလာပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071