Monday, June 15, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeArticlesကျွန်တော်ရေးခဲ့သော စာအုပ်များ(၄)

ကျွန်တော်ရေးခဲ့သော စာအုပ်များ(၄)

ချယ်ရီမဂ္ဂဇင်းမှာ ဘာသာစကား ဆောင်းပါးတွေ တော်တော်များ များ ရေးပြီးသောအခါ စိတ်ကူးတစ် မျိုးပေါ်လာပါသည်။ မြန်မာစာပေထဲ က မေတ္တာဘွဲ့များကို ပုံဖော်ကြည့် ရန်ဖြစ်သည်။ ကောင်းနိုးရာရာစာ ပေများထဲက မေတ္တာတရားကို အရင်းခံသောဖြစ်ရပ်များ၊ အမူအရာ များကို ပေါ့ပေါ့ပါးပါးရေးကြည့်လျှင် စိတ်ဝင်စားစရာကောင်းမည်ဟု သဘောရသည့်အတွက် ပုဂံကျောက် စာများကစ၍ စကားပြေများ၊ ပျို့ များ စသည်တို့မှ မေတ္တာအရင်းခံ သော အကြောင်းများကို ပုံဖော်ရေး သားပါသည်။ ပုဂံကျစွာမင်းနှင့် မိထွေးတော်တို့ အတုံ့အပြန်ထား သော မေတ္တာအကြောင်းကစ၍ ကျစွာမင်းကြီး၊ ရှင်ဒိသာပါမောက္ခ၊ နရသီဟပတေ့နှင့် စောလုံ၊ ပင်းယဥ ဇနာနှင့် ငါးစီးရှင်ကျော်စွာ၊ ရာဇာဓိ ရာဇ်နှင့် လဂွန်းအိမ်၊ ဗညားနွဲ့နှင့် အထိန်းတော် မိုးအဲလော၊ ဆင်လိမ္မာ ဗကမတ်နှင့်၊ ဆင်ဦးစီးငပျံ၊ မင်းခေါင် နှင့် ငခင်ဘ၊ မင်းခေါင်နှင့် ရှင် သိဒ္ဓတ်စသည်တို့၏ မေတ္တာသရုပ်ကို ဖော်ကျူးသည့် ဆောင်းပါးများ ရေး သားပါသည်။ ထိုဆောင်းပါးများကို လင်းဦးတာရာစာပေမှ ကိုမျိုးက စုစည်းပြီး ၁၉၉၇ ခုနှစ်တွင် ထုတ် ဝေသည်။ ကျွန်တော်က မေတ္တာနှလုံး သားပုံရိပ်များ နာမည်ပေးလိုက်ပါ သည်။ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များ အမှန်တကယ် ရှိခဲ့သော ပုဂ္ဂိုလ်များအကြောင်းကို မူတည်ရေး ခြင်းဖြစ်သည့်အတွက် ရာဇာဝင်၊ အရေးတော်ပုံတို့ကို အများဆုံးကိုး ကားခဲ့ပါသည်။

ထိုကာလအတွင်း စာပေ၏ နယ်ပယ်နှင့် ပတ်သက်၍ ‘စာပေဟူ သည်ရေးသားပုံနှိပ်ထားသော စာ အားလုံးဖြစ်သည်’ဟူသည့် အယူအ ဆကို ဆွေးနွေးသုံးသပ်သည့်ဆောင်း ပါးတစ်ပုဒ်ရေးဖြစ်သည်။ ဆောင်းပါး ကို စာပေသမုဒ္ဒရာ၌ လက်ပစ်ကူး ခြင်း ဟု နာမည်ပေးထားရာ အား မာန်သစ်စာပေမှ ဆရာခွန်ဂျာမှိုင်းက ကျွန်တော့်ဆောင်းပါးများကို စုစည်း ထုတ်ဝေရန် စာမူတောင်းသောအခါ မဂ္ဂဇင်းများတွင် ရေးသားခဲ့သော စာ ပေသဘောတရားနှင့် ရသဆိုင်ရာ ဆောင်းပါးများကို စုစည်း၍ ထိုအ မည်နှင့်ပင် စာအုပ်ထုတ်ရန် စီစဉ် ပေးလိုက်ပါသည်။ ၁၉၉၇ ခုနှစ်မှာ စာအုပ်ထွက်လာပါသည်။ မှတ်မှတ် ရရ ထိုနှစ်မှာပင် စကားသမုဒ္ဒရာ စာ သမုဒ္ဒရာခေါင်းစဉ်ဖြင့် ကျွန်တော့်စာ အုပ်တစ်အုပ်ထွက်သည့်အတွက် အပေါင်းအသင်းများက ‘စကားသမုဒ္ဒ ရာနဲ့ စာပေသမုဒ္ဒရာဆိုတော့ သမုဒ္ဒ ရာ ၂ စင်းပေါ့’ဟု ပြောကြသည်ကို မှတ်မိနေပါသည်။

ထိုအချိန်အထိ ကျွန်တော် သည် စကားပြေအကြောင်း၊ ဘာသာ စကားအကြောင်း၊ စာပေအကြောင်း စသည့် စာထဲပေထဲက အကြောင်း များကို အရေးများခဲ့ပါသည်။ ထို အချိန်တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးအဖွဲ့က မြို့တော်ရန်ကုန် မဂ္ဂဇင်း (နောင်မြို့တော်မဂ္ဂဇင်း ဟု နာမည်ပြောင်းသည်) ထုတ်ဝေနေပါ သည်။ တစ်နေ့တွင် မြို့တော် ရန်ကုန်မဂ္ဂဇင်းမှာလုပ်နေသော တပည့်မောင်ဇော်လင်းက သူတို့မဂ္ဂ ဇင်းကို စာမူပေးရန် လာတောင်း သည်။ လစဉ်သူလာယူပါမည်ဟု ပြောသည်။

‘မြို့တော် ရန်ကုန်’ ဆို သော မဂ္ဂဇင်းနာမည်ကို မြင်လိုက် သည်နှင့် ကျွန်တော့်အာရုံသည် ကျွန်တော်တို့ မိသားစု ရန်ကုန်မှာ စပြီး အခြေချသော ၁၉၅ဝ ပြည့်နှစ် ဝန်းကျင်ကာလဆီသို့ ရောက်သွားပါ သည်။ ရန်ကုန်ကို စရောက်သည့် အကြောင်းကစ၍ လက်ရှိအချိန်အထိ အတွေ့အကြုံများကိုရေးရလျှင် ကောင်းမည်ဟုလည်း စိတ်ကူးပေါ် လာပါသည်။ လက်ရှိအချိန်မှာ ၁၉၉ဝ ပြည့်နှစ်ကျော် ကာလဖြစ် သည့်အတွက် ရန်ကုန် ရောက်လာ သည်မှာ ယခုဆိုလျှင် နှစ် ၄ဝ ကျော် ပါပြီ။ ထို့ကြောင့် ‘နှစ်လေးဆယ် ကျော်က သရုပ်ဖော်ကွက်ကလေး များ’ဟု ခေါင်းစဉ်တပ်ပြီး ရန်ကုန် ရောက်စနှစ်များအကြောင်း ဆောင်း ပါးတစ်ပုဒ်စတင်ရေးလိုက်ပါသည်။ ဆယ်ကျော်သက်အရွယ် လူငယ်ဘဝ ရန်ကုန်ရောက်စအချိန်ကစ၍ ဖြတ် သန်းခဲ့ရသော မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းသား ဘဝများ၊ တက္ကသိုလ်မှာ ၄ နှစ်တက်ရ သည့် အတွေ့အကြုံ၊ ဘွဲ့ရပြီး တက္ကသိုလ်ဆရာအဖြစ် အမှုထမ်းရ သော အတွေ့အကြုံ ဇနီးနှင့်လက် ထပ်ပြီး ဘဝကိုရုန်းကန်လှုပ်ရှားရင်း အသက် ၄ဝ အရွယ်မှာ သမီးကလေး ဖွားမြင်ပုံ၊ ကျွန်တော်၏ ပထမဆုံး စာအုပ်ဖြစ်သော စကားပြေသဘော တရား၊ စကားပြေ အတတ်ပညာ ပေါ်ထွက်လာပုံအထိ ဘဝဖြစ်ရပ်များ ကို တစ်လပြီးတစ်လ ရေးသားခဲ့ ပါသည်။ ၂ဝဝ၂ ခုနှစ်တွင် ရာပြည့် စာအုပ်တိုက်က တပည့်ဖြစ်သူကို ဦးညွန့်က ထိုစာမူများကို စုစည်း၍ စာအုပ်ထုတ်သောအခါ စာအုပ် နာမည်ကို နှစ်လေးဆယ်ဘဝ မှတ် တိုင်များ ဟု နာမည်ပေးလိုက်ပါ သည်။ စာအုပ်အမှာစာတွင် ”ကျွန် တော်၏အတွေ့အကြုံသည် မိမိ ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက် အားထုတ်သော လူငယ်တစ် ယောက်၏ အတွေ့အကြုံအဖြစ် ပုံ ဆောင်နိုင်လိမ့်မည်ဟု ခံယူပါသည်။ အကယ်၍ လူငယ်တစ်ယောက်သည် ဤစာအုပ်ကို ဖတ်ပြီးနောက် စာပေ ကို အဖော်ပြုလိုစိတ်၊ စာကြိုးစား လိုစိတ်များထက် သန်လာသည်ဆို ပါအံ့။ ဤစာအုပ်ဖြစ်လာသည့် ဆောင်းပါးများကို ရေးရကျိုးနပ်ပြီဟု ခံယူပါသည်”ဟူ၍ ကျွန်တော့် ရည် ရွယ်ချက်ကို ဖော်ပြခဲ့ပါသည်။ ဆင်း ရဲချို့တဲ့သော မိဘမဲ့လူငယ်ဘဝတွင် ‘ပညာသည်သာ အားကိုးရာ’ဟူသော ခံယူချက်ကို အလေးအနက်ခံယူပြီး စာကြိုးစားခဲ့သည့်အတွက် ဘဝမှာ အောင်မြင်မှုရခဲ့သည်။ ကျွန်တော့် အတွေ့အကြုံကို စာဖတ်သူများ၊ အထူးသဖြင့် လူငယ်များကို ဝေမျှ ခြင်းဖြစ်ပါသည်။

ထိုစာအုပ်ကို ကျွန်တော်ရေးရ ကျိုးနပ်ပါသည်။ စာဖတ်သူအများက နှစ်သက်လက်ခံကြောင်း တုံ့ပြန်ကြ သည်။ မှတ်မှတ်သားသားဖြစ်ရသည့် အချက်မှာ ကျွန်တော့်စာအုပ်သည် ၂ဝဝ၂ ခုနှစ်အတွက် အမျိုးသားစာ ပေဆု (စာပဒေသာဆု)ချီးမြှင့်ခံရ ခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန် တော်သည် ရန်ကုန်တက္ကသိုလ်မြန်မာ စာဌာနတွင် ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါပြီ။

အမှတ်တရစကားတစ်ခွန်းကို သတိရပါသည်။ ကိုယ်တွေ့အတွေ့ အကြုံဟုဆိုရမည်။ ထိုဆောင်းပါးများ ကို မဂ္ဂဇင်းမှာ စရေးသောအခါ ခင် မင်သော လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ တစ်ယောက်က ”ခင်ဗျား လူနဲ့တူလာ ပြီဗျ”ဟု ကျွန်တော့်ကို ဝမ်းသာအား ရပြောသည်။ ”အရင်က ခင်ဗျား ရေး တဲ့စာတွေက စာထဲက အကြောင်း တွေ မဟုတ်လား။ အခုရေးတာက လူအကြောင်းတွေဆိုတော့ အသက် ဝင်တာပေါ့ဗျာ”ဟု ရှင်းပြပါသည်။ သူ့ကို များစွာကျေးဇူးတင်ပါသည်။

၁၉၈ဝ ပြည့်နှစ် ကျော်ကာလ တွင် မြဝတီမဂ္ဂဇင်းတိုက်မှ အယ်ဒီ တာတစ်ယောက်က ကျွန်တော်နှင့် တွေ့ဆုံပြီး သူကိုင်နေသော တို့ ကျောင်းသားစာစောင်မှာ မြန်မာစာ အရေးအသားနှင့်ပတ်သက်၍ ဆောင်းပါးများ လစဉ်ရေးပေးဖို့ တိုက်တွန်းသည်။ ပုံသေခေါင်းစဉ်ဖြင့် ရေးရန် စိတ်ကူးပြီး မြန်မာစာတတ်စေ ချင်လွန်းလို့ ဟူသော ခေါင်းစဉ်ဖြင့် လစဉ်ဆောင်းပါးရေးသည်။ ထို ခေါင်းစဉ်မှာ ကျွန်တော်တို့ ငယ်စဉ် က မြဝတီမဂ္ဂဇင်းမှာ လစဉ်ဖတ်ရ သော ဆရာမောင်သုတ၏ မြန်မာစာ မြှင့်ချင်လွန်းလို့ ဟူသော ခေါင်းစဉ်ကို အကြောင်းပြုပြီး ပေါ်ပေါက်လာရ ခြင်းဖြစ်ပါသည်။ လူငယ်ကျောင်း သားများအတွက် ရည်ရွယ်ပြီး မြန်မာ စာအရေးအသားဆိုင်ရာ ဆောင်စရာ ရှောင်စရာများကို ရေးသားခြင်းဖြစ်ပါ သည်။ စာလုံးပေါင်းသတ်ပုံ မှန်ကန် ရေးကစ၍ စကားအသုံးအနှုန်းနှင့် ဝါကျဖွဲ့ထုံး မှန်ကန်ရေးကို သာဓက များဖြင့် ဆွေးနွေးသောဆောင်းပါး များဖြစ်ပါသည်။ ကျွန်တော့်ကို ထို ဆောင်းပါးများ ရေးဖြစ်အောင် တိုက်တွန်းသော တို့ကျောင်းသား အယ်ဒီတာမှာ ယခုMyanmar Heritage စာပေတိုက်မှ ဦးမြင့်သူ ဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်တွင် ထို ဆောင်းပါးများကို ငယ်ပေါင်းကြီး ဖော်မြန်မာစာနှင့် စာအရေးအသား ပြဿနာများ အမည်ဖြင့် ၂ဝဝ၃ ခုနှစ်တွင် ကောင်းသန့်စာပေကထုတ် ဝေပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှု‌များ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ "လမင်း"စီ မံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်း လုံးညီညွတ်စွာဖြင့်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071