Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeCelebrities' Newsကျန်းမာရေးအရ ငယ်ငယ်က လုပ်ခဲ့တဲ့...

ကျန်းမာရေးအရ ငယ်ငယ်က လုပ်ခဲ့တဲ့ မကောင်းတဲ့အရာတွေကိုဖြတ်လိုက်သူအကယ်ဒမီနေတိုး

အသက် ၃၇ နှစ်အရွယ်ကို ရောက်ရှိလာပေမယ့် နုပျိုချောမော နေဆဲဖြစ်တဲ့ နေတိုးကို သူ့ရဲ့ပရိသတ် တွေက ကိုကြာနုလို့ ချစ်စနိုးခေါ်ဝေါ် ကြပါတယ်။ ပရိသတ်တွေပေးထားတဲ့ နာမည်လေးက ချစ်စရာကောင်းတဲ့ အတွက် သူလည်း သဘောကျပါတယ် လို့ ဆိုပါတယ်။ ပင်ကိုကလည်း အသားဖြူသူ တစ်ဦးဖြစ်ပြီး သွေးထဲမှာ နီကိုတင်း ဓာတ်တွေမရှိတာ ၈ လ ကျော်လာ ပြီဖြစ်တဲ့ အတွက် လည်း အသား အရေက အခုလို ပိုပြီးလန်း ဆန်းနေတာဖြစ်ကြောင်း နေတိုး ကပြောပါတယ်။ ပရိသတ် တွေ ပြောနေကြတဲ့ ကိုကြာနု ဖြစ်နေ ရတဲ့အကြောင်းရင်းနဲ့ ပတ်သက် ပြီး နေတိုး က…

”အသားအရေကို ပျက်စီးစေမယ့် ကျန်းမာရေးကို ထိခိုက်စေမယ့် အကြောင်းအရာတွေ အပြုအမူတွေ၊ အသုံးအဆောင်တွေကို ရှောင်ဖြစ် တယ်။ အဓိကကတော့ အရင်တုန်းက ဇာတ်ကားရိုက်တယ် ဆိုရင် ရာသီဥတု ပူတယ်ဆိုရင် မျက်နှာကို ဘာမှ Skincare မလုပ်ဘူး။ ဒီအတိုင်းပဲရိုက်လိုက်တယ်။ အခု နောက်ပိုင်းကျတော့ UV တွေ ခံပြီးတော့ အသုံးပြုလာကြတယ်။ Skincare တွေလည်း နေ့၊ ည ပုံမှန်သုံးဖြစ်လာတယ်။ အသက်အရွယ်အရရော၊ ကိုယ်ရိုက် မယ့် ဇာတ်ကား တွေအရရော၊ ကျန်းမာရေးအရရော ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ ဆေးလိပ် သောက် ခြင်းတွေရော၊ မကောင်းတဲ့တချို့သော အရာတွေကိုရော ဖြတ်တောက် လိုက်တယ်။ ဖြတ်တောက်လိုက်ခြင်းအကြောင်းကတော့တခြားသော မမြင်နိုင်တဲ့ တွန်းအားတွေ လည်း ရှိတယ်။ ကျန်းမာ ရေး၊ အသက်အရွယ်ပိုင်း၊ နောက်ပြီး ကျတော့ ကိုယ်လုပ်တဲ့ အလုပ်က လည်း ဒီလိုမျိုး အနုပညာအလုပ်ဖြစ် တဲ့အတွက် အမောခံ နိုင်ဖို့လိုတယ်။ အသားအရေ မပျက်စီးဖို့လိုတယ်။ ဒီလိုမျိုး အသားအရေပျက်စီးစေနိုင် မယ့်၊ ရုပ်ကို ရင့်စေမယ့် အကြောင်း အရာတွေကို ရှောင်လိုက်တယ်။ အားကစားလည်း လုပ်ဖြစ် တယ်။ အသီးအရွက်လည်း များများ စား ဖြစ်တယ်”လို့ နေတိုးက ပြောပါ တယ်။

မင်းသမီး ၅ ယောက်နဲ့ အတူတွဲ ပြီး ရိုက်ကူးထားတဲ့ ‘တည်ကြက်’ ရုပ် ရှင်ဇာတ်ကားကလည်း မကြာမီ ရုံ တင်ပြသသွားတော့မှာပါ။ မင်းသမီး တွေနဲ့ တောတွေ၊ တောင်တွေထဲမှာ ဖြတ်သန်းသွားလာပြီး ရိုက်ကူးရတာ ကတော့ နေတိုးအတွက် ပထမဦးဆုံး အတွေ့အကြုံပါပဲ။ အက်ရှင်တွေ၊ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးတွေ ပါဝင်တဲ့အတွက် ကြည့်ရမယ့် ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းမယ့် ဇာတ်ကားတစ်ကားပါ လို့ ဆိုပါတယ်။

သရုပ်ဆောင်ရုံတင်မက Director of Photography (DOP) ပိုင်းကိုလည်း ဝါသနာ ပါတဲ့ နေတိုးက ပြီးခဲ့တဲ့ နှစ်မှာ တော့ ကြောက်ကြောက်ကြောက် ရုပ်ရှင် ဇာတ်ကားမှာ DOP အနေနဲ့ ပထမ ဆုံးဆောင်ရွက်ပြီးနောက်ပိုင်း ထပ်မ လုပ်ဖြစ်တော့ပါဘူး။ ၂ဝ၁၉ ခုနှစ် ထဲမှာတော့ DOP အနေနဲ့ ထပ်လုပ် သွားဦးမယ်လို့ဆိုတဲ့ နေတိုးက…

”ထပ်လုပ်သွားဖို့ရှိပါတယ်။ အဓိကကတော့ လုပ်ချင်တဲ့စိတ်ပေါ့။ ဇာတ်ကားတစ်ကားကို ကျွန်တော်တို့ Crew တွေ Team တွေ ရှိတယ်။ story လမ်းကြောင်းတွေကို ကျွန်တော်တို့ပြောတယ်။ ရိုက်ကူးချင်တဲ့ production ဒီဇိုင်းတွေနဲ့ ဇာတ်လမ်းပုံစံတွေ ပြောဖြစ်တဲ့ အချိန်မျိုးတွေမှာ၊ တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင်ဖန်တီး ချင်တဲ့စိတ် တွေ၊ ကိုယ်ကိုယ်တိုင်ဒီအရုပ်တွေကို မျက်လုံးထဲမှာ မြင်လာတဲ့ အချိန်မျိုးတွေမှာ ကိုယ်ကိုယ်တိုင်လုပ်ချင်တဲ့ စိတ်မျိုးတွေလည်း ရှိတယ်။ အဲဒီလို ရှိလာခဲ့ရင် လုပ်ဖြစ်ဖို့များပါတယ်။ အဓိကတော့ ၂ဝ၁၉ ခုနှစ်ထဲမှာ အချိန်ယူပြီး ဇာတ်ကားတွေကို အ ချိန်ကြာကြာလေး ရိုက်ကူးဖို့အတွက် စီစဉ်ထားတဲ့ အခါကျတော့ ကျွန်တော်တို့လိုချင်တဲ့အရုပ်၊အသံ ကွာလတီပိုင်းကိုလည်း ဦးစားပေးပြီး အကောင်းဆုံးဖြစ်အောင် တည်ဆောက်ခွင့်ရမယ့် နှစ်တစ်နှစ်လို့ပြောချင်ပါတယ်။ အဲဒီလိုနှစ်မျိုးမှာ Director of Photography ကိုတစ်ကားစနှစ်ကားစဆိုသလို အချိန်ရရင် ရသလို လုပ်ကောင်းလုပ်နိုင်မယ်လို့ ထင်မှတ်မိတယ်။ လုပ်ဖြစ်ဖို့အတွက် ဇာတ်လမ်းလည်း ရှိလာနိုင်မယ်ဆိုရင် ကျွန်တော့်အတွက် လုပ်ဖြစ်ဦးမှာပါ။ ကျွန်တော် ဝါသနာပါတယ်။ ဒီလို DOP လုပ်ရတဲ့ခံစားချက်က ရုပ်ရှင် သရုပ်ဆောင်လုပ်ရတဲ့ခံစားမှုနဲ့ မတူတဲ့ ခံစားမှုတစ်ခုကိုလည်း ရတယ်။ ကိုယ်လည်း ဝါသနာပါပြီး ကိုယ် လည်း အစ အဆုံးသိနေတယ်။ ကိုယ် ကျွမ်းကျင်နေတဲ့အလုပ်တစ်ခုလည်း ဖြစ်တဲ့အခါကျ တော့ ကိုယ့်အတွက်မ ခက်ခဲဘူးဆိုပေမယ့် ရိုက်ကူးမှုမှာ ကိုယ်ဖန်တီးချင်တဲ့ပုံစံမျိုး လုပ်ခွင့်ရ တယ်ဆိုရင်တော့လုပ်သွားမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available


Continue reading

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက်...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။ ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့်...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071