ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သ င်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ်ထည့်သွင်း၍ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ဆပ်ကော်မတီက “မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်”ပြိုင်ပွဲကိုကျင်းပခဲ့သည်။
ထိုသို့ ကျင်းပပြီးနောက် ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ဆုပေးပွဲကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့တက်ရောက်၍ ပထမဆုရရှိသည့် မသန့်ဟေသီစိုးအား ပြည်နယ်ဝန်ကြီးချုပ်၏ဘဇနီး၊ ဒုတိယဆုရရှိသည့် မမေဦးခင်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ တတိယဆုရရှိသည့် မနန်းဆုမွမ်မွမ်ရှန်အား ဒေသကွပ်ကဲရေးမှူး၏ဇနီးတို့ကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ထမနဲသင်္ကြန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာထမနဲထိုးနေမှုကိုကြည့်ရှုအားပေးပြီး ပြည်သူများအား ထမနဲစတုဒိသာများပေးဝေ၍ လမ်း လျှောက်သင်္ကြန်အားပါဝင်ဆင်နွှဲခဲ့သည်။
ထို့အတူ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံကျောက်သားရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ကျင်းပသည့် ယိမ်းအကပြိုင်ပွဲတွင် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအားဂုဏ်ပြုချီး မြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
