ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ 66kV ဆင်မလိုက်–MRTV-3 ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် မေ ၂၃ ရက်တွင် မြို့နယ်အချို့၌ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
YESC ၏ ထုတ်ပြန်ချက်အရ အဆိုပါလုပ်ငန်းများကို မေ ၂၃ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအချိန်အတွင်း ကမာရွတ်မြို့နယ်ရှိ (၇) ရပ်ကွက်၊ (၈) ရပ်ကွက်၊ (၉) ရပ်ကွက်နှင့် အင်းစိန်လမ်းဝန်းကျင်၊ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်သည်။
ထို့ပြင် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC က အသိပေးထားသည်။
