Wednesday, April 29, 2026

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး...

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး...

MAI နှင့် KBZMS တို့ပူးပေါင်း၍...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း)...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ်...

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇...
HomeInternationalကက်ရှ်မီးယားတို-က်ခိုက်မှု‌ကြောင့်အိန္ဒိယကပါစ္စတန်နှင့်ဆက်ဆံရေး အဆင့်လျှော့ချ

ကက်ရှ်မီးယားတို-က်ခိုက်မှု‌ကြောင့်အိန္ဒိယကပါစ္စတန်နှင့်ဆက်ဆံရေး အဆင့်လျှော့ချ

ကက်ရှ်မီးယားဒေသ ကမ္ဘာလှည့်ခရီးသွားမြို့ ပါဟယ်လ်ဂမ်တွင် ‌ေ-သနတ်သမားများက လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ပေါ်ပေါက်ခဲ့သဖြင့် အိန္ဒိယအစိုးရက ပါကစ္စတန်နှင့် ၎င်း၏ ဆက်ဆံရေးကို အဆင့်နှိမ့်ချမည့် အစီအမံတစ်ရပ်အား ကြေညာလိုက်သည်။
         
အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုရှိကြောင်း လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ အထူးအစည်းအဝေးတွင် ထုတ်ဖော်တင်ပြခဲ့ပြီးနောက် ပါကစ္စတန်ကို အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
             
နှစ်နိုင်ငံအကြား အဓိက ကုန်းမြေနယ်စပ်ဂိတ်ကို ချက်ချင်းပိတ်မည်ဖြစ်ကာ နှစ်နိုင်ငံအကြာ အင်ဒုစ်မြစ်ကြောင်းစနစ်မှ မြစ်ရေခွဲဝေသုံးခွင့်ပြုသည် ရေစာချုပ်ကို နူးဒေလီဘက်က ဆိုင်းငံ့ထားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
           
ထို့အပြင် တောင်အာရှ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း(SAARC) ဗီဇာကင်းလွတ်ခွင့် အစီအစဉ်အရ ပါကစ္စတန်နိုင်ငံသားများ အိန္ဒိယသို့ ခရီးသွားလာမှုကို တားမြစ်မည်ဖြစ်ကာ အဆိုပါ ဗီဇာကို အသုံးပြုသော ပါကစ္စတန်နိုင်ငံသားများအနေဖြင့် နိုင်ငံတွင်းမှ ထွက်ခွာရန် ၄၈ နာရီ အချိန်ပေးထားကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
            
နူးဒေလီရှိ ပါကစ္စတန်သံရုံးမှ ကာကွယ်ရေးအကြံပေးများကို မလိုလားအပ်သော ပုဂ္ဂိုလ်များအဖြစ် ကြေညာခဲ့ကာ နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားခဲ့သည်ဟု Misri က ပြောဆိုသည်။ ထို့အပြင် အစ္စလာမ်မာဘတ်ရှိ အိန္ဒိယသံရုံး၏ ဝန်ထမ်းအင်အားကို ၅၅ ဦးမှ ၃၀ ဦးသို့ လျှော့ချလိုက်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
          
အိန္ဒိယအစိုးရ၏ ယင်းထုတ်ပြန်ချက်ကို တုန့်ပြန်ရန် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်စ် ရှရစ်ဖ်သည် ကြာသပတေးနေ့(ဧပြီ ၂၄) နံနက်ပိုင်းတွင် နိုင်ငံတော်လုံးခြုံရေးကော်မတီအစည်းအဝေးကို ခေါ်ယူခဲ့သည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှတ်ဒါက X ပေါ်ပို့စ်တင် ပြောဆိုခဲ့သည်။
          
တိုက်ခိုက်မှုကို လူသိနည်းသော အဖွဲ့တစ်ခုဖြစ်သည့် တော်လှန်ရေးတပ်ဦး(TRF) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရှယ်မီဒီယာမက်ဆေ့ချ်တွင် ယင်းအဖွဲ့က ထုတ်ဖော်ဝန်ခံခဲ့သည်။ ဒေသတွင်း၌ ပြင်ပလူ (၈၅,၀၀၀) ကျော် အခြေချနေထိုင်နေသည်ကို မကျေနပ်ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောဆိုပြီး “လူဦးရေ ပြောင်းလဲမှု”  ဟု ဆိုသော ယခုတိုက်ခိုက်မှုဖြစ်ပေါ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။
         
တိုက်ခိုက်မှုအတွင်း ‌ေ-သဆုံးခဲ့သူများတွင် အိန္ဒိယလူမျိုး ၂၅ ဦးနှင့် နီပေါနိုင်ငံသား တစ်ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦးထက်မနည်းရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
          
ပါဟယ်လ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံရေးသမားများသာမက ရုပ်ရှင်အနုပညာရှင်များကလည်း ဆိုရှယ်မီဒီယာပေါ်တွင် ထုတ်ဖော်ရှုတ်ချခဲ့ကြသည်ကိုတွေ့ရသည်။ 
         
“ပါဟယ်လ်ဂမ်မှာ ကမ္ဘာလှည့်ခရီးသည်တွေ အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရတာ သိရတဲ့အတွက် ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဒီလိုအပြစ်မဲ့သူတွေကို သတ်ဖြတ်တာဟာ ဆိုးဝါးလွန်းပါတယ်၊ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းမေတ္တာပို့သပါတယ်” ဟု အက်ရှေးကူးမားက X ပေါ်တွင် ပြောဆိုခဲ့သည်။
           
ဗစ်ကီကူရှေးလ်ကလည်း “ပါဟယ်လ်ဂမ်မှာ လုံး၀ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ချစ်ရသူတွေ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေရဲ့ နာကျမှုကို တွေးကြည့်တောင်မရပါဘူး၊ အရမ်းပဲ ဝမ်းနည်းကြေကွဲပြီး ဆုတောင်းမေတ္တာပို့သအပ်ပါတယ်၊ ဒီရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က တရားခံတွေကို တရားမျှတစွာ စီရင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု အင်စတာဂရမ်တွင် ပို့စ်တင်ပြောဆိုခဲ့သည်။
       
ထို့အတူ နာမည်ကျော်မင်းသမီး ကရီနာကပူးရ်ကလည်း “‌ေ-သဆုံးခဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အရမ်းပဲ ကြေကွဲရပါတယ်၊ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်” ဟု သူ၏ အင်စတာဂရမ်စတိုရီတွင် တင်ခဲ့သည်။
         
ထို့အပြင် မိုဟန်လာ၊ အယ်လူအာဂျွန်၊ နာနီနှင့် အခြားနာမည်ကြီး အနုပညာရှင်များကလည်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရှုတ်ချမှုများ အသီးသီးလုပ်ခဲ့ကြသည်။

Ref: အယ်ဂျာဇီးယား၊ သည်အင်ဒီးယန်းအိပ်ချ်ပရက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေး

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးစီမံကိန်းများ ရေးဆွဲထားပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့်...

MAI နှင့် KBZMS တို့ပူးပေါင်း၍ Travel Protect Insurance (ခရီးသွားအာမခံ)စတင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ ပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက် ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့် ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု၊ မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတို့အတွက် အကာ အကွယ်ပေးနိုင်မည်ဖြစ်သည်။ " ကျွန်တော်တို့က ခရီးသည်တွေအတွက်ပိုမိုကောင်း မွန်တဲ့ခရီးသွားဝန်ဆောင်မှုတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် KBZMS နဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်"ဟု MAI ၏ CEO...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း) လူမှုဖူလုံရေးအဖွဲ့က လူနာ(၁,၁၄၆,၆၈၅)ဦးကိုကုသပေးခဲ့ပြီး ဆေးဖိုးပြန်အမ်းမှု(၇၇,၈၀၇)မှုအ တွက် ငွေကျပ်(၇,၉၇၄ ဒသမ ၃၉၆)သန်းကိုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဖူလုံရေးအဖွဲ့က ရန်ကုန်တိုင်းရှိ အာမခံအလုပ်သ မားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ် သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ(ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်းတို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသည့် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)အား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071