ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းနှင့် အား/ကာသိပ္ပံ အမျိုးသမီးဘောလုံးအသင်းတို့၏ ခြေစမ်းပွဲစဉ်ကို ယမန်နေ့ ဧပြီ(၂၄)ရက် ညနေက Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
အဆိုပါ ခြေစမ်းပွဲစဉ်သည် လာမည့် လိဂ်ပြိုင်ပွဲစဉ်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းလည်းဖြစ်သည်။
Myanmar Women League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ မေလ(၇)ရက်မှ နိုဝင်ဘာ(၈)ရက်အထိ ငါးလကြာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ပွဲစဉ်ဇယားအရ ပွဲဦးထွက်တွင် မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအသင်းနှင့် သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံသွားမည်ဖြစ်သည်။
ပြီးခဲ့သည့် Myanmar Women League 2023 လောလုံးရာ သီတွင် မြဝတီအမျိုး သမီးဘောလုံးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးထားခြင်း ဖြစ်သည်။
ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာ ဝတီယူနိုက်တက်အသင်း နှစ်သင်း ထပ်တိုးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ – ယမန်နေ့က YUFC နှင့် အား/ကာသိပ္ပံ အမျိုးသမီးဘောလုံးအသင်း ခြေစမ်းပွဲစဉ်ကစားခဲ့သည့်မြင်ကွင်း



