Looking for something?

Explore the website

Looking for something?

Saturday, May 17, 2025

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ...

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင်...

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...
HomeNewsLocal NewsYBS ကားများပြေးဆွဲမှုနည်းပါး၍ အခက်အခဲဖြစ်နေသည့်...

YBS ကားများပြေးဆွဲမှုနည်းပါး၍ အခက်အခဲဖြစ်နေသည့် ခရီးသည်များအား လူမှုကူညီရေးအသင်းများမှကူညီပို့ဆောင်ပေးနေ

YBS ကားများပြေးဆွဲမှုနည်းပါး၍ အခက်အခဲဖြစ်နေသည့် ခရီးသည်များအား လူမှုကူညီရေးအသင်းများမှကူညီပို့ဆောင်ပေးနေ

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ကားများမှာ ဇူလိုင် ၂၂ ရက်မှစတင် ၍ CNG Gas ရရှိမှုလျော့နည်းသဖြင့် ခရီးသည်တင်၍ပြေးဆွဲပေးနေသည့်ကားများနည်းပါးလျက်ရှိသည်။

ထိုသို့ YBS ကားများပြေးဆွဲမှုနည်းပါးသဖြင့် လုပ် ငန်းခွင်သို့သွားရောက်မည့် ခရီးသွားများအဆင် ပြေစေရန် လူမှုကူညီရေးအသင်းများမှ လူမှုကူညီရေးကားများဖြင့် ခရီးသည်များအားကူညီပို့ ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိသတင်းတွေအရ YBS တွေက Gas ထည့်ဖို့အခက်အခဲတွေရှိတယ် လို့ကြားရသလို  ခရီးသည်တွေလည်း အိမ်ပြန်ဖို့အဆင်မပြေတာတွေကြောင့် မနေ့ကညပိုင်းထဲကစပြီး ခရီးသည်တွေအိမ်ပြန်လို့အဆင်ပြေအောင် ကူညီပြီးပို့ ဆောင်ပေးပါတယ် အနီးစပ်ဆုံးမှတ်တိုင်အထိပို့ပေးပါတယ် လက်ရှိလည်းကျွန်မတို့လူနာလမ်း ကြောင်းတွေမရှိသေးတဲ့အချိန်မှာ ကူညီပေးနေပါတယ်”ဟု ရွှေပြည်သာမြို့နယ်အခြေစိုက် ရွှေမေ တ္တာ(အခမဲ့)လူမှုကူညီရေးအသင်းမှ မရွှေလဲ့ကပြောသည်။

ထိုသို့ လူမှုကူညီရေးအသင်းများမှ ခရီးသည်များအဆင်ပြေစေရန် ကူညီပို့ဆောင်ပေးခြင်းများအား ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အသီးသီးမှ လူမှုကူညီရေးအသင်းများက သက်ဆိုင်ရာမြို့ နယ်အလိုက် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

“အလုပ်သွားဖို့ လိုင်းကားစောင့်နေတာ တော်တော်နဲ့မလာဘူး ကားစောင့်နေတုန်း လူနာတင်ကားတစ်စီးကရပ်ပြီး မြို့ထဲကိုလိုက်ပို့ပေးမယ်ဆိုပြီး ကားစောင့်နေတဲ့လူတွေကိုပြောတာနဲ့ လိုက်လာခဲ့လို့သာအလုပ်ကိုရောက်လာတာ ပရဟိတအသင်းတွေလည်း အတော်ကူညီပေးနေကြတာတွေ့တယ်”ဟု မြို့ထဲတွင်အလုပ်ဆင်းရသူတစ်ဦးကပြောသည်။

ထိုသို့ ကူညီပေးရာတွင် မြို့နယ်အလိုက် လူမှုကူ ညီရေးအသင်းများမှ လူနာပို့ဆောင်ရမည့်လမ်း ကြောင်းမရှိသည့် ကားများစုပေါင်း၍ ကူညီပို့ ဆောင်ပေးလျက်ရှိခြင်းဖြစ်သည်။

 

Photo-သုခကာရီလူမှုကူညီရေးအသင်း

ရွှေမေတ္တာလူမှုကူညီရေးအသင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ (၆)မြို့နယ်အတွင်းမှ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရသော အဆောက်အအုံ ပိုင်ရှင်များအနေဖြင့် မိမိတို့၏ အဆောက်အအုံအား ပြန်လည်ပြင်ဆင်လိုသည်များနှင့် ပတ်သက်၍ PE. RSE လိုင်စင်ရ အင်ဂျင်နီယာများ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Met hod State-ment နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်...

၄၉ရက်အကြာတွင် Sky Villa မှ အမျိုးသား (၁)ဦး၏ရုပ်အလေ-ာင်းနှင့် ရွှေ၊ ငွေများထပ်မံတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ညနေ ၅ နာရီ ၅၅ မိနစ် ၌ Sky Villa အဆောက်အဦး၏ (C)အဆောင်၊ အခန်းအမှတ် M2 မှ အမျိုးသား(၁)ဦး၏ ရုပ်အလော-င်းကိုတွေ့ရှိခဲ့ရသဖြင့် သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် Sky Villa အဆောက်အဦး၏ (B)အဆောင် ၊ အခန်းအမှတ်(14)မှတွေ့ရှိရသော မီးခံသေတ္တာအတွင်းမှအရေးကြီးစာရွက်စာတမ်းဖိုင်(၂၃)ဖိုင်၊...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား ၁၄ ဦး ရဲထံ အဖမ်းခံ

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄ ဦးသည် သောကြာနေ့(မေလ ၁၆ရက်နေ့) က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံးတာဝါသည် အိမ်နီးချင်း မြန်မာ၏ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ပြိုကျအဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးအဖွဲ့များသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071