Omini focus ကုမ္ပဏီပိုင် YBS ကားတစ်စီးတွင် မန်ယူစတစ်ကာများကပ်ကာ အလှဆင်ထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေကြောင်း သိရသည်။
YBS နံပါတ် 82 ယာဉ်မောင်းတစ်ဦးသည် ၎င်းမောင်းနှင်နေသည့် ကားအပြင်ပိုင်းနှင့် အတွင်းပိုင်းကို အင်္ဂလန်ထိပ်သီးဘောလုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်အသင်း Logo စတစ်ကာများဖြင့် အလှဆင်ထားခြင်းဖြစ်သည်။
အဆိုပါကားတွင် သံဃာတော််၊ သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်၀န်ဆောင်များ၊ ဆင်းရဲနွမ်းပါးသူများ၊ မန်ယူဖန်များနှင့် CR7 (စီရော်နယ်လ်ဒို) ဖန်များအခမဲ့ စီးနင်းနိုင်ကြောင်း ယာဉ်မောင်းဖြစ်သူက အသိပေးထားသည်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ကားအပြင်ပိုင်းတွင်ကပ်ထားသော စတစ်ကာများအားဖြုတ်ခိုင်းပြီး ကားအတွင်းပိုင်းအလှဆင်ထားခြင်းကိုခွင့်ပြုကြောင်း သိရသည်။
Omini focus ယာဉ်လိုင်းဘက်မှလည်း ယာဉ်မောင်းအပေါ်နားလည်ပေးထားကြောင်းနှင့် တစ်ရုံးလုံးမှလည်း ယာဉ်မောင်းအား ချစ်စနိုးဖြင့် ကိုမန်ယူဟုသာ ခေါ်ကြောင်း သိရသည်။